" ကျွန်တော်တို့ မေ့နေကြတယ် "
တစ်နေ့က ကျွန်တော့်ဆိုင်ကို အဖွားအိုတစ်ယောက် သူ့ရဲ့ ဖုန်းကို ပြင်ဖို့လာပြတယ်။ ဒါနဲ့ ကျွန်တော်စစ်ဆေး ကြည့်လိုက်တော့ ဖုန်းက အကောင်းတိုင်းရှိနေတာကိုတွေ့ရတယ်။
"ဖုန်းက အကောင်းကြီးရှိသေးတယ် အဖွားရဲ့  ဘာမှမဖြစ်ဘူး"
အဖွားအိုရဲ့ မျက်လုံးမှာ မျက်ရည်တွေစို့နစ်လာပြီး -
"ဒါဆို ငါ့သားသမီးတွေက အကောင်းကြီးရှိနေသေးတဲ့ ဒီဖုန်းကို
ဘာလို့ မခေါ်ကြတာလဲ"
သင်ခန်းစာ -
ကျွန်တော်တို့တွေ ကိုယ်စီအရွယ်ရလာတယ်။ ဘဝရပ်တည်ဖို့အတွက်
ကြိုစားရုန်းကန်နေကြရပြီး ဝင်ငွေတွေ တိုးလာဖို့အတွက် ရှာဖွေနေရသလို
တစ်ဖက်မှာလည်း အရွယ်ကျလာပြီ ဖြစ်တဲ့ မိဘတွေကို မေ့လျော့နေ ခဲ့ကြတယ်။ ကျွန်တော်တို့တွေ ကြိုးစားတဲ့ရလဒ် တိုးတက်လာတာနဲ့အမျှ တစ်ဖက်မှာလည်း မိဘတွေရဲ့အသက်က တဖြေးဖြေး ကြီးရင့်လာတယ်။
အဖွားအိုပေးတဲ့ သင်ခန်းစာက ကျွန်တော်တို့ မေ့လျော့နေခဲ့ကြတဲ့ မိဘတွေကို အကောင်းဆုံး ပြန်လည် သတိရစေခဲ့ပါတယ်။
https://www.facebook.com/nay.tun2
(Lauching Colour မှကိုးကားထားသည်။)
ခွန်နေ - Khun Nay
Lutaw Lupyaw
No comments:
Post a Comment