"မကြုံစဖူး ဦးခေါင်းဇောက်ထိုးဖြစ်တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေး"
အိန္ဒိယနိုင်ငံက Mahendra Ahirwar ၁၂ နှစ်ဟာ ထူးခြားဆန်းကြယ်တဲ့ ဒီရောဂါဝေဒနာကို မွေးရာပါ ခံစားခဲ့သူဖြစ်ပြီး ကျောရိုးအားမသန်မှုကြောင့် လမ်းမလျှောက်နိုင် မတ်တပ်မရပ်နိုင်တဲ့သူလေး ဖြစ်ပါတယ်။
ကလေးရဲ့ရောဂါကို ရှာဖွေဖော်ထုတ်နိုင်မယ့် ဆရာဝန် အယောက် ၅၀ နီးပါး တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ သူ့မိဘနှစ်ပါးဖြစ်တဲ့ Mukesh Ahirwar အသက် ၄၀ နဲ့ Sumitra Ahirwar ၃၅ နှစ် တို့က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
အကြံပေးပုဂ္ဂိုလ် Shashidhar Tatavarthy က "ဒါ…မကြုံစဖူး ရောဂါတစ်ခုဖြစ်တယ်။ သူ့ရောဂါအခြေအနေမှာ ကျောရိုးမူမမှန်ဖြစ်ခြင်း သို့မဟုတ် ကြွက်သားစိုင်တွေ စနစ်တကျ မရှိခြင်းကြောင့် ဖြစ်နိုင်ပေမယ့် စေ့စေ့စပ်စပ် စစ်ဆေးမှု ဆောင်ရွက်ပြီးမှာသာ အဖြေထုတ်လို့ ရနိုင်ပါလိမ့်မယ်" လို့ ဆိုပါတယ်။
သူ့ကိုယ်တိုင် ဘာတစ်ခုမှ မလုပ်နိုင်ဘူး။ တနေကုန် အခန်းထောင့်တစ်နေရာမှာ ထိုင်ရုံသာထိုင်နေတယ်။ ဒါဘဝမဟုတ်ဘူးလို့ သူမိခင် Sumitra က ထပ်မံပြောဆိုခဲ့ပါတယ်။
သွားလေရာမှာ သူ့ကို ကလေးလို ချီသွားရတယ်။ ဒါတောင် သူ ၁၂ နှစ်သာဖြစ်သေးလို့ ဒီထက်ကြီးလာရင် ကျွန်မ သူ့ကို ဘယ်လိုခေါ်သွားရမလဲ။ ဆရာဝန် ကျွန်မသားကို မကုသနိုင်ရင် သူ့ကို ဘုရားသခင် ခေါ်သွားတာက ပိုကောင်းပါတယ်လို့ သူမက ထပ်ပြောပါတယ်။
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment