"အမူးသမား ၃၉ ပါး..အများ..သိစေအပ်"
၁။ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ
၂။ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံအားပေးသူ
၃။ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ
၎။မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ။ ဟိုဆိုင် ဒီဆိုင်၊ ဟိုဟာမှ ဒီဟာသို့ ကူးချင်သူ
၅။ဝက်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ
၆။ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ
၇။တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ
၈။နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ
၉။ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကိုဘာမျှ မမှတ်မိဟု ပြောတတ်သူ
၁၀။မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ (လုပ်စရာရှိသည်များကို
မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်)
၁၁။သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ။ မူးလာလျှင် စကားပြောလာလေလေ ဖြစ်သောသူ
၁၂။ခိုမူး ....မူးလာရင် မပြေလည်တဲ့အကြောင်းတွေပြောပြီး ညည်းတတ်သူ
၁၃။ငုံးမူး ......ကြက်မူးလောက်မဆိုးပေမယ့် မူးလာရင် အနှိပ်ခန်းလေး ၊ကေတီဗီလေးသွားဖို့ စည်းရုံးတတ်သူ.....
၁၄။ကြွက်မူး.....မူးလာရင် သူများပစ္စည်းတွေ..ကားသော့၊ ဟန်းဖုန်း၊ ဖိနပ်စသည်တို့ကို လိုက်ဖွက်ထားတတ်သူ။
အိမ်ကမိန်းမမသိအောင်၊ ဟိုစပ်စပ် ဒီစပ်စပ်အကုန်လုပ်ချင်သူ ( ခိုးစားချင်သူ )
၁၅။ဥသြမူး... မူးလာလျှင်နာမည်တခုကို ထပ်ခါထပ်ခါခေါ်ကာ ငိုချင်းချတတ်သူ...
၁၆။ ခြင်္သေ့မူး… မူးလာပါက လူတကာကို ဟိန်းလားဟောက်လားနှင့် သတ္တိကောင်းလာသူ
၁၇။ခွေးအမူး-… မူးလာပါက ကေတီဗွီ ဆိုင်ကို သွားပြီး အူချင်သူ (အိမ်မပြန်ချင်ဘူး ၀ူး ၀ူးးးးး )
၁၈။ကြောင်မူး… မူးလာပါက မိန်းခလေးများနှင့် ပွတ်သီးပွတ်သပ် နေချင်သူ
၁၉။လဒမူး … မူးလာလေလေ မှိုင်လာလေလေ ဖြစ်လာသူ
၂၀။တောခွေးမူး … မူးလာပြီး ဘော်ဒါစုံပါက အဖွဲ့အားကိုးနဲ့ မိုက်ချင်သူ
၂၁။ဖားကပ်မူး… မူးသာမူးပြီး အိပ်ထဲက ပိုက်ဆံကို မထုတ်သူ
၂၂။အိမ်မြှောင်မူး… မူးလာပါက ဆုံးရှုံးခဲ့သမျှကို စုတ်သတ်ပြီး ညည်းညူတတ်သူ
၂၃။တောဝက်မူး… မူးလာပါက မြင်မြင်သမျှ အစွယ်နှင့် လိုက်ပက်သကဲ့သို့ ရန်ရှာတတ်သူ
၂၄။ပုတ်သင်မူး... မူးလာလျှင်ဘယ်သူပြောပြော မပြောပြော ခေါင်းတညိမ့်ညိမ့်လုပ်နေတတ်သူ...
၂၅။ဖားပြုတ်မူး... မူးလာလျှင် မျက်ခွံတ၀က်စင်းထားကာ ပါးစပ်ကိုပြုံးဖြီးဖြီးကြီးလုပ်၊ ဆရာလိုလို သဘာလိုလို မိန့်မိန့်ကြီး ထိုင်နားထောင်နေတတ်သူ။
၂၆။ခွေးမူးနောက်တမျိုး… မူးလာလျှင် မြင်မြင်ရာ ကားဘီး၊ လမ်းဘေးသစ်ပင်၊ ဓါတ်တိုင်၊ အခန်းထောင့်တို့ကို ရှူးရှူးပေါက်တတ်သူ။
၂၇။မြင်းမူး… မူးလာလျှင် တဟီးဟီး တဟားဟား ရယ်တတ်သူ
၂၈။ဌက်မူး… မူးလာရင် ဌက်ကဲ့သို ပျံတော့မတတ် တက်ကြွသူ
၂၉။ ပုရွက်ဆိတ်မူး… မူးလာလျှင် အလုပ်ကို မရပ်မနားတန်း လုပ်တတ်သူ
၃၀။ဆင်မူး… မူးလာလျှင် လမ်းမှန်းမသိ ခြုံမှန်းမသိ တိုးချင်းရာ တိုးသူ
၃၁။ကျွဲမူး… မူးလာရင် မကြာခဏ ဂုတ်ပိုးရေဆွတ် မျက်နှာသစ် လုပ်တတ်သူ
၃၂။သမင်မူး… မူးလာပါက သမင်ချိုခက် တ၀င့်ဝင့် လုပ်သကဲ့သို့ ပိုင်ဆိုင်သမျှကြွားတတ်သူ
၃၃။ လိပ်မူး… မူးလာပါက လိပ်ကဲ့သို့ လုပ်သမျှ ပြောသမျှ နှေးကွေးသွားသူ
၃၄။ပက်ကျိမူး… မူးလာရင် ဂျီကျ ချွဲနွဲ့တတ်သူ
၃၇။ပိုးဖလံမူး… မူးသွားပါက ကိလေသာ မီး တိုးချင်သောသူ
၃၅။စပါးကြီးမြွေမူး… သောက်ဖော်သောက်ဖက်များကို ရစ်ပတ်ပြီး ပြသနာရှာသောသူ
၃၆။ဆော်လမွန် ငါးမူး… ဘယ်လောက်မူးမူး အိမ်ပြန်ချိန်တွင် အိမ်ကိုအရောက်ပြန်သူ
၃၇။ချေမူး… မူးလာပါက ချေ ( ဂျီ ) တစ်ကောင်ကဲ့သို့ အရာရာကို ကြောက်လာတတ်သူ
၃၈။ ဇီးကွက်မူး… မူးလာလျှင် မျက်လုံးပြူးပြူးနှင့် ကြောင်တောင်တောင် လိုက်ကြည့်နေတတ်သောသူ
၃၉။လင်းဆွဲမူး… မူးလာပါက ထိုင်နေလျှက် ကြမ်းပြင်ပေါ် ခေါင်းစိုက် သွားတတ်သူ
ညမင်းသားလေး
Lutaw Lupyaw
No comments:
Post a Comment