Thursday, April 30, 2015

"နိုင်ငံအလိုက် ထူးထူးဆန်းဆန်း အယူအဆများ"

"နိုင်ငံအလိုက် ထူးထူးဆန်းဆန်း အယူအဆများ"

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ လောက်က အနောက်ဥရောပနိုင်ငံတွေမှာ
ယုန်ခြေထောက်တွေဟာ ကံကောင်းခြင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။

ပီရူးမှာ အဝါရောင်အတွင်းခံဘောင်းဘီကို နှစ်သစ်ကူးတဲ့နေ့မှာ ဝတ်ဆင်ရင်
ကံကောင်းမယ်လို့ ယုံကြည်ကြပါတယ်။

ဂျာမနီမှာတော့ မီးခိုးခေါင်းတိုင်လှည်းတဲ့ တံမျက်စည်းကို ထိရင်ကံကောင်းတယ်လို့ ယူဆယုံကြည်ကြပါတယ်။

တရုပ်ပြည်မှာတော့ ဂဏန်းနံပတ် ရှစ်ဟာ ကံကောင်းခြင်းကိုယူဆောင်လာတဲ့ နံပတ်အဖြစ် ယုံကြည်ကြသလို စုံတွဲပေါင်း ၃၀၀၀၀၀ ကျော်ဟာ ၈ရက် ၈လ၂၀၀၈ မှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။

အမေရိကားမှာ မြင်းသံခွါကို တံတားခလောက်အဖြစ် တံခါးမှာတပ်ဆင်ရင် ကံကောင်းခြင်းကို ယူဆောင်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။

နိုင်ငံတော်တော်များများမှာ နံပတ် ၇ ဟာ ကံကောင်းစေတဲ့ဂဏန်းအဖြစ် ယူဆတတ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာ ၇ရက် ၇လ ၂၀၀၇ တုန်းက မင်္ဂလာဆောင်တဲ့နှုန်း သုံးဆဖြစ်သွားပါတယ်။

စပိန်နိုင်ငံမှာ နှစ်သစ်ကူးနေ့မှာ စပျစ်သီး ၁၂ လုံးကို သန်ခါင်ယံအချိန်တိတိမှာစားရင် ကံကောင်းခြင်းတွေ ယူဆောင်လာမယ်လို့ ယုံကြည်ကြပါတယ်။

သမ္မတအိုဘားမားဟာ သမ္မတလောင်း အရွေးခံဖို့အတွက် ပြိုင်ပွဲဝင်ချိန်မှာ ကံကောင်းခြင်းတွေ ယူဆောင်လာဖို့အတွက် စစ်သားတွေဝတ်တဲ့လက်ကောက်၊ လောင်းကစားသမားတွေဆောင်လေ့ရှိတဲ့ တိုကင်ရယ် အခြားဘာသာရေးနဲ့ဆိုင်တဲ့ အမှတ်အသားပစ္စည်းလေးတွေကို ဆောင်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။

၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြတဲ့အခါမှာ ဆလတ်ရွက်တွေကိုစားမိယင် သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ကြလို့ ဆလတ်ရွက်တွေကို မစားကြတော့ဘူးလို့ ပြောစမှတ်ရှိပါတယ်။

၁၄ ရာစုနှစ်တွေတုံးကတော့ တံမြက်စည်းဆိုတာ စုံး၊ ကဝေတွေရဲ့ ခြေနင်းစင်္ကြာ ယာဉ်လို့ အယူရှိခဲ့ကြတာမို့ လူတစ်ယောက်ကို တံမြက်စည်းနဲ့ လိုက် (ရိုက်) ဖို့ ကြိုးစားတယ်ဆိုယင် ကံမကောင်းတတ်ဘူးလို့ အယူရှိကြပါတယ်။

ရုရှားမှာတော့ ပန်းပွင့်တွေကို စုံဂဏန်းအရေအတွက်နဲ့ ပေးခြင်းဟာ
သေဆုံးသူတွေအတွက် ပန်းခြင်းလက်ဆောင်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ရှေးခေတ်ဗြိတိသျှ အမျိုးသမီးတွေဟာ ဝက်သစ်ချသီးတွေဟာ နုပျိုစေနိုင်တယ်လို့ ယူဆတဲ့အတွက် ထာဝစဉ်နုပျိုဖို့ရန် ၀က်သစ်ချသီးတွေ ဆောင်ထားခဲ့ ကြပါတယ်။

ရှေးခေတ်ကထဲက နိုင်ငံတော်တော်များများမှာ ငှက်ချီးပါချရင် ကံကောင်းတော့မယ်ဆိုပြီး ယုံကြည်မှူတွေ ရှိခဲ့ကြပါတယ်။

OMO
Ohn Mar Oo


No comments:

Post a Comment