"နေ့လယ်ဘက် (၄၅) မိနစ်လောက် တရေး အိပ်ပါက မှတ်ဥာဏ် ငါးဆ ပိုကောင်းလာ"
ကျောင်းမှာ၊ ရုံးမှာ နေ့လည်ထမင်းစားပြီး (၄၅) မိနစ်လောက် ဖြစ်ဖြစ် တရေးအိပ်ခြင်းသည် ဦးနှောက်အတွက် ပိုကောင်း၏။ ဂျာမနီနိုင်ငံ ဆားလန်း တက္ကသိုလ် သုတေသန အဖွဲ့၏ လေ့လာမှု အရ (၄၅) မိနစ်မှသည် တစ်နာရီဝန်း ကျင်လောက်ထိ တစ်ရေးအိပ်လိုက်သူများသည် မှတ်ဥာဏ် ငါးဆ ပိုကောင်းလာကြောင်း တွေ့ခဲ့ရသည်။ ကျေင်းသား (၄၁) ဦး၏ အကူအညီဖြင့် လက်တွေ့ စမ်းသပ်ထားခြင်း ဖြစ်သည်။ သုတေသန အဆင့်ဆင့် ကို Neurobiology of Learning and Memory ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
ကျောင်းသား (၄၁) ဦးကို စာလုံးသစ် (၉၀)၊ အဆက်အစပ် မရှိသော စာလုံးတွဲ (၁၂၀) ပေးကာ မှတ်သား စေသည်။ ထို့နောက် နှစ်စု ခွဲလိုက်သည်။ တစ်စုကို (၄၅) မိနစ်ခန့် တရေးအိပ်ခိုင်းသည်။ နောက် တစ်စုကို ရုပ်ရှင်ထိုင်ကြည့်စေသည်။ နောက်တစ်နာရီခန့် ကြာသောအခါ နှစ်စုလုံး၏ စကားလုံးများ မှတ်မိနိုင်စွမ်းကို စစ်ဆေးသည်။ တရေးအိပ်သော အစုသည် စကားလုံး မှတ်မိစွမ်း ငါးဆလောက်ထိ သိသိသာသာ မြင့်မားကြောင်း တွေ့ခဲ့ရသည်။ "" ကျောင်းမှာဖြစ်ဖြစ်၊ ရုံးမှာ ဖြစ်ဖြစ် နေ့လယ်ဘက် တစ်ရေးလောက် အိပ်ခွင့်ရခြင်းဟာ သင်ယူမှု ဖြစ်စဉ် အတွက်ရော၊ လုပ်ကိုင်နိုင်စွမ်းကိုပါ တက်စေပါတယ်”” ဟု သုတေသနအဖွဲ့ကို ဦးဆောင်သည့် ပါမောက္ခ အိပ်ဇဲမက်လင်ဂါက ပြောသည်။
Credit: The Messenger
Lutaw Lupyaw
No comments:
Post a Comment