Sunday, April 26, 2015

" ကျန်းမာရေးအတွက် အကြံပြုချက် "

" ကျန်းမာရေးအတွက် အကြံပြုချက် "

သင်ဒါတွေ သိပြီးပြီလား။ ဖတ်ရှုလေ့လာပြီး လိုက်နာကျင့်သုံးပါ။ သင့်မိသားစု မိတ်ဆွေများကိုလည်း တိုက်တွန်းလိုက်ပါဦး။ ဤအကြံပြုချက်အတိုင်း နေစဉ်ကျင့်ကြံ အားထုတ်ခြင်းဖြင့် သက်ရှည်ကျန်းမာ လာစေမှာဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

(၁) “ ပန်းသီးတစ်လုံး နေ့ စဉ်စား…ဒေါက်တာတွေ ဝေးဝေးသွား ” "ပန်းသီးဆောင်ထား၊ ဆရာဝန်ရှောင်ရှား " ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်လေးတွေကို ကြားဖူးကြမယ် ထင်ပါတယ်။ စားပေးရမယ့် ပန်းသီး၏ အရောင်ကတော့ အနီရောင် ဘဲဖြစ်ပါတယ်။ အော်ဂဲနစ်သီး အမျိုးအစားကို ရွေးချယ်မှုမှန်ပါစေ။

(၂) တန်ဖိုးနည်း ပင်စိမ်းရွက်လေးတွေကို လစ်လျူရှုမထားသင့်ပါဘူး။ ပင်စိမ်းရွက် ၅ ရွက်ခန့် နေ့စဉ်စားပေးခြင်းဖြင့် ကုသရန်ခက်ခဲတဲ့ အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာရောဂါတွေ မဖြစ်စေတော့ပါဘူး။

(၃) နံက်စာ စားပြီးတိုင်း သံပုရာသီး တစ်လုံးကို ၄ စိပ် စိပ်၍ ရေနွေးဖြူ စိမ်သောက်ပေးခြင်းဖြင့် အဆီပိုတွေကို ကျစေပြီး တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းစေမည့်အပြင် ခံတွင်းကောင်းစေမှာ ဖြစ်ပါတယ်။ သံပုရာသီးတွေ နွမ်းပျော့သွားတဲ့အထိ ရေနွေးဖြူ အသစ် ထပ်လောင်းထည့်၍ ရေဆာတဲ့အခါတိုင်း သောက်ပေးနိုင်ပါတယ်။ ဖန်ခွက်၊ ကော်ခွက်၊ စတီးလ်ခွက်၊ ဖိုင်ဘာခွက်တွေကို မသုံးဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြွေပန်းကန်လုံးကိုသာ သုံးစွဲဖို့ မမေ့နဲ့နော်။

(၄) နွားနို့တစ်ခွက် ပုံမှန် သောက်ပေးပါ။ မျက်စိ၊ အရိုး၊ အသားအရေတွေကို ကောင်းကျိုးပြုရုံသာမက ကျန်းမာဖျတ်လတ် ဥာဏ်ရည်ထက်မြက်စေတော့မှာ ဖြစ်ပါတယ်။

(၅) “ထမင်းအသက် (၇) ရက်၊ ရေအသက် (၁) မနက်” ဆိုတဲ့ ရှေးစကားရှိပါတယ်။ ခေါင်းအစ ခြေဖျားအဆုံး ခန္ဓာကိုယ်ကြီး တစ်ခုလုံးအတွက် မရှိမဖြစ် လိုအပ်နေတာက ရေပါ။ ဒါကြောင့် ရေ သုံးလီတာ (သောက် ရေသန့် ဗူး ၃ ဗူး) ထက် မနည်း သောက်ပေးရမှာပါ။ သို့သော် ပိုးမွှားကင်းစင်တဲ့ သောက်ရေသန့်ဖြစ်ဖို့ လိုတယ်နော်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk



Lutaw Lupyaw

No comments:

Post a Comment