" မငိုပါနဲ့လား ချစ်သူ "
ကောင်လေးနဲ့ကောင်မလေး တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတယ်။
မမျှော်လင့်ပါဘဲနဲ့ ကောင်လေး ဆုံးပါးသွားခဲ့တယ်။
ကောင်မလေးက ၀မ်းနည်းပက်လက်ပေါ့။ အငို မစဲတော့။
နေ့တိုင်းငိုလိုက်တာ ပျက်ရက်ကို မရှိဘူး။
လူတွေကလည်း ကောင်မလေးကို သနားကြပါတယ်။ ဒါပေမဲ့ သူမရဲ့ မျက်ရည်တွေတိတ်ဖို့ ဖြေသိမ့်နိုင်စရာ စကားမရှိခဲ့။
တစ်ညတော့ ကောင်မလေး အိပ်ပျော်သွားပြီး အိပ်မက်တစ်ခုမက်ရဲ့။
ရွယ်တူတန်းသူ တခြားသူတွေနဲ့ ကောင်လေးကို နတ်ပြည်မှာတွေ့လိုက်တယ်။
သူက ငြိမ်းအေးစွာနဲ့ပေါ့။
ကောင်လေးတိုင်းဟာ နတ်သား ၀တ်စုံကိုယ်စီနဲ့ လက်ထဲမှာ ဖယောင်းတိုင် မီးထွန်းပြီး ကိုင်လို့ပေါ့။
ဒါပေမဲ့ သူ့ကောင်လေး လက်ထဲက ဖယောင်းတိုင်ကျတော့ မီးမရှိဘူး။
ကောင်မလေးက မေးတယ်။ “ချစ်လေး ဖယောင်းတိုင်က ဘာလို့ မီးမရှိတာလဲ။” ပေါ့။
“ဖယောင်းတိုင်ကို မီးညှိုလိုက်တိုင်း နင့်မျက်ရည်တွေ ကျကျလာပြီး ငြိမ်းသွားတာ” လို့ ကောင်လေးက ပြန်ဖြေတယ်။
မှတ်ချက်။ ။ ကိုယ်တစ်ကယ်ချစ်တဲ့သူအတွက် မငိုပါနဲ့။ သူကလည်း သင့်ကို ငိုစေချင်မှာ မဟုတ်ဘူးလေ။
Credit : Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment