" အချစ်ဆိပ်တက်နေတဲ့ လူငယ်များအတွက်ပါ "
အချစ်ဆိုတဲ့ အရာဟာ အရွယ်ရောက်လာရင် လူငယ်တိုင်း ထိတွေ့ခံစားရမယ့် သဘာဝ ဖြစ်စဉ်တစ်ခုပါ။ ဒီသဘာဝ ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ ရှိနေတတ်တယ် ဆိုတာလေးကိုလည်း သတိပြု တတ်ဖို့လိုတယ်။
ခုတလော ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်ရင် Status တွေမှာ ညီငယ်၊ ညီမငယ်၊ အကို၊ အမတွေ အချစ်ကြောင့် ပူဆွေးနေတာ မြင်ရတွေ့ရ၊ ဖတ်ရတော့
စိတ်မကောင်း ဖြစ်မိတယ်။ အချစ်ကို ကိုးကွယ်လွန်းသူတစ်ယောက်မှာ ဘဝဆိုတာ မရှိဘူးလို့ ကျွန်တော် အရင်က ရေးဖူးတယ်။ လူငယ်တစ်ယောက်ကမေးတယ် “ဘာကြောင့် ဘဝဆိုတာမရှိရတာလဲ”။
ဆိုလိုချင်တာက ချစ်ပါ။ ချစ်လို့ရပါတယ်၊ ဘဝတစ်ခုလုံးကို ပုံအောပြီးပဲချစ်ချစ် ဒါပေမယ့် ဘဝမပျက်အောင် ချစ်တတ်ဖို့ အရေးကြီးတယ်။ လူတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုပေမယ့် ဒီမျှော်လင့်ချက်ကြောင့်ပဲ မထင်မှတ်တဲ့ ပြဿနာ အခက်အခဲကြုံလာတဲ့အခါ ဝေးကွာသွားရင် ဘဝဟာ ဦးတည်ရာ မဲ့သွားတတ်တယ်။
ဒါကြောင့် - တစ်စုံတစ်ယောက်ကို မျှော်လင့်ချက်ကြီးစွာ မချစ်ပါနဲ့၊ မထင်မှတ်တဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတာကို သတိပြုပါ။ တစ်စုံတစ်ယောက်ကို ရုန်းထွက်လို့မရအောင် သံယောဇဉ်တွေမကြီးပါနဲ့ ရုန်းထွက်လို့မရအောင် ခံစားတတ်လို့ပါ။ တစ်စုံတစ်ယောက်ကို နစ်မွမ်းစွာ မချစ်မိပါစေနဲ့၊ ဘဝရည်မှန်းချက်တွေ ပျောက်ဆုံး တတ်လို့ပါ။
အချိန်တန်ရင် လူတိုင်းအတွက် ဘဝလက်တွဲဖော်ကောင်း ဆိုတာ ပေါ်လာမှာပါ။ အဲ့ဒီ အချိန်ရောက်မှ ကိုယ်ကမရွေးချယ်တတ်ရင်တော့ ကိုယ်ရဲ့ ကံအကြောင်း မလှလို့ပဲ သတ်မှတ်လိုက်ပါ။ အကြောင်းရှိလို့ အကျိုးဆိုတာဖြစ်လာတာပါ။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ ကိုယ့်ကို ကိုယ်ပဲအပြစ်တင်ပါ။ လူငယ်တိုင်း ဘဝလက်တွဲဖော်ကောင်း ရွေးချယ်နိုင်ပြီး အချစ်ဆိပ် မတက်မိစေဖို့ ရေးသားပေးလိုက် ရပါတယ်။
Credit : Khun Nay
Lutaw Lupyaw
No comments:
Post a Comment