Wednesday, April 29, 2015

" လူ့သွေးကြော အကြောင်း သိစရာအချို့ "

" လူ့သွေးကြော အကြောင်း သိစရာအချို့ "

ပုံမှာ မြင်တွေ့နေရတာဟာ လူ့သွေးကြော စီးဆင်းနေမှုကို ပြသထားခြင်း ဖြစ်ပါတယ်။

၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြောဟာ အကုန် ဆံ့လိုက်ရင် မိုင်ပေါင်း ၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို ၂ ကြိမ်ခွဲ ဆက်တိုက်ပတ်လို့ ရတယ်ဆိုတာ တကယ် ဖြစ်ပါတယ်။

၂။ အကျဉ်းဆုံး သွေးကြော အချင်းက ၈ ကနေ ၉ မိုင်ခရွန်အထိ ရှိပါတယ်။

၃။ နှလုံး အရွယ်အစားက သာမန်လူ လက်သီးတစ်ဆုပ် အရွယ်သာ ရှိပေမယ့် သူ ညစ်ထုတ်လည်ပတ်နေစေတဲ့ သွေးပမာဏက တစ်ရက်ကို လီတာ ၉၅၀၀ ရှိပါတယ်။ ယင်းဟာ တစ်ရက်ကို ၁၀ တန် ပမာဏ အလေးချိန်ရှိ ပစ္စည်းကို ၃၃ ပေ အမြင့်အထိ ဆွဲတင် ပေးနေတာနဲ့ အားညီမျှ ပါတယ်။

၎။ သွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ် ရောဂါ ဖြစ်မှုဟာ ယနေ့မှာ ပိုမို များပြားလာပြီး ယင်းသို့ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းများကတော့ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သွေးချို ရှိခြင်း၊ အဝလွန် စားသောက်နေထိုင်မှုပုံစံ၊ သွေးပေါင်ချိန် အတက်များခြင်း၊ ဗိုက် အဆီပိုထွက်ခြင်း၊ အထိုင်များသော နေထိုင်မှု၊ မျိုးရိုးဗီဇ ပါဝင်ကူးဆက်လာမှုတို့ကြောင့် ဖြစ်ပါတယ်။

Ref: medifacts (ကျန်းမာရေးဆိုင်ရာ)



Lutaw Lupyaw

No comments:

Post a Comment