Monday, April 27, 2015

"အဆက်အသွယ်ပြတ်တောက်လို့ လွမ်းနေသူတိုင်းအတွက် အချက် ( ၁၁ ) ချက်"

"အဆက်အသွယ်ပြတ်တောက်လို့ လွမ်းနေသူတိုင်းအတွက် အချက် ( ၁၁ ) ချက်"

၁။သံသယစိတ်ကို ဖျောက်လိုက်ပါ
အဆက်အသွယ်ပြတ်တောက်တဲ့အခါ သံသယစိတ်ဟာ ချစ်သူတိုင်းဖြစ်တတ်တဲ့ သဘာဝမို့ ထိန်းဖို့လိုပါတယ်။ ဒါဟာ ချစ်သူတွေကြား အန္တရာယ်များလွန်းပါတယ်။

၂။ စိုးရိမ်စိတ်ကို မြှင့်လိုက်ပါ
တခုခုကြောင့် သူမဆက်သွယ်တာဖြစ်လိမ့်မယ်လို့ တွေးကြည့်ပါ။ လက်လှမ်းမှီသလောက်
ကိုယ်က ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါ။

၃။ အလွမ်းဖြေပါ
ချစ်ခဲ့တဲ့ အကြောင်းလေးတွေ ပြန်တွေးပါ။ မက်ဆေ့ဟောင်းလေးတွေ ပြန်ဖတ်ပါ။

၎။ စာပို့ပါ
ဖုန်းမက်ဆေ့၊ viber မက်ဆေ့၊ fbမက်ဆေ့ အကုန်ဖြစ်ဖြစ် တခုခုဖြစ်ဖြစ် ကိုယ်သတိရစိတ်ပူနေကြောင်း ရေးပို့ထားပါ။

၅။ ချစ်သူကို ယုံပေးပါ
ကိုယ့်အချစ်ကို ယုံစေချင်သလို သူ့အချစ်ကိုလည်း ယုံကြည်ပေးလိုက်ပါ။ ဒါဟာ ချစ်သူတွေကြား အများကြီး အထောက်အကူပြုပါတယ်။

၆။ အဆင်သင့်ဖြစ်နေပါစေ
သူဆက်သွယ်လို့ရမယ့် အရာရာတိုင်းကို အဆင်သင့်ဖြစ်အောင် ထားပါ။ ဥပမာ – ဖုန်းမအားတာမျိုး မဖြစ်အောင်ထားပါ။ အင်တာနက် မကြာခဏ ဖွင့်ကြည့်ပေးတာမျိုးပေါ့။

၇။ သူမကြိုက်တာတွေကို မလုပ်ပါနဲ့
အရွဲ့တိုက်ထားတာမျိုး ဖုန်းမကိုင်တာမျိုးတွေ ရှောင်ပါ။

၈။ သူ့ဘက်က ဖြည့်တွေးပေးပါ
သူလည်းဆက်သွယ်ဖို့ ကြိုးစားနေမှာပဲ မရလွန်းလို့သာ မဆက်သွယ်လာတာ ဖြစ်နိုင်ကြောင်းတွေးပေးပါ။

၉။ သင်္ကေတတခုခုလုပ်ထားပါ
ကဗျာရေးထားတာမျိုး၊ ပန်းချီဆွဲထားတာမျိုး၊ ဗလာစာရွက်နဲ့ သူ့နာမည်လေးတွေချည်း ချရေးထားတာမျိုး၊ နောက်ဆုံး viber မှာ ကိုယ့်လက်ရေးနဲ့ သူနဲ့ကိုယ့်နာမည်လေးတွေ တူယှဉ်တွဲရေးထားတာမျိုးလေးတွေ အများကြီး လုပ်ပေးပါ။

၁၀။ သတိပြုပါ
ချစ်သူတိုင်း အဆက်အသွယ်ပြတ်တောက်ဖူးကြပါတယ်။ ထိုအခါ အပြင်းအထန်လွမ်းတတ်ကြပါတယ်။ လွမ်းတာကနေ အလွမ်းလွန်တဲ့အခါ သံသယဘက်ပြောင်းသွားလို့ ချစ်လျက်နဲ့ လမ်းခွဲသွားရသူတွေ တပုံကြီးပါ။ အပြင်းအထန်လွမ်းပြီးလို့ ပြန်ဆုံကြတယ့်အခါဖြစ်စေ၊ အဆက်အသွယ်ရသည့်အခါ ထိုပိတိဟာ အလှပဆုံး ကဗျာတစ်ပုဒ် ထပ်ပိုပါတယ်။

၁၁။ အလွမ်းကို အရသာခံပါ
လွမ်းရတာမကောင်းပါဘူး။ ဒါပေမယ့် အလွမ်းဆိုတာ မချစ်ပဲ။ လွမ်းလို့မရပါဘူး တောင်ခြေဟာ ဘယ်လောက်လှတယ်ဆိုတာကို တောင်ခြေက လူတွေက သတိမထားမိကြပါဘူး။ တောင်ပေါ်ကကြည့်မှ တောင်ခြေအလှသိရသလို ကိုယ်တွေ ဘယ်လောက်ချစ်ကြတယ်ဆိုတာလည်း
ချစ်နေတုန်းက သတိမပြုမိကြပါဘူး။

ဝေးရ လွမ်းရတယ့်အခါကျမှ ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တာမျိုးပါ။ ဒါကြောင့် ကိုယ်ချင်းမစာတာတော့ မဟုတ်ပါဘူး အလွမ်းကိုအရသာခံပါ။ အလွမ်းဟာ ချစ်ခြင်းရဲ့ သစ်သီးတစ်လုံးပါပဲ။ ချစ်ကြတဲ့သူတွေအတွက် အရမ်းချိုမြိန်ပါတယ် . . . ။


Credit : Ulay Kyi ( ကို လင်း )



Lutaw Lupyaw

No comments:

Post a Comment