"တက္ကသိုလ်ဝင်ခွင့်ကို ၁ဝ တန်းအမှတ် တစ်ခုတည်းနဲ့ ဆုံးဖြတ်တော့မှာ မဟုတ်"
လွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တွေ ဖြစ်တော့မယ်လို့ဆို။ လာမယ့် ၂၀၁၅-၁၆ ပညာသင်နှစ်ကစလို့ တက္ကသိုလ်ဝင်ခွင့်ဟာ ၁၀ တန်း စာမေးပွဲ ရမှတ် တစ်ခုတည်းနဲ့ မဟုတ်ပဲ၊ ကိုယ် တက်ရောက်လိုတဲ့ တက္ကသိုလ်ပေါ် မူတည်ပြီး၊ အဲဒီ့ တက္ကသိုလ် တစ်ခုချင်းစီရဲ့ Charter လို့ ခေါ်တဲ့ ဖွဲ့စည်းပုံ မူဝါဒတွေအလိုက် သတ်မှတ်ထားတဲ့ အရည်အချင်း စမ်းစစ်မှုတွေနဲ့ ရွေးချယ်သွားတော့မှာ ဖြစ်ပါတယ်။
ဒါဟာ တက္ကသိုလ် တစ်ခုချင်းစီမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရမယ့် အချက်ကို ဖော်ဆောင်လာတာမျိုး ဖြစ်ပြီး၊ လိုအပ်တဲ့ တက္ကသိုလ် မူဝါဒနဲ့ ဖွဲ့စည်းပုံတွေကိုလည်း တက္ကသိုလ်အလိုက် ရေးဆွဲနေကြတယ်လို့ ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ခိုင်မြဲ က ဘီဘီစီ ကို ပြောပါတယ်။
တက္ကသိုလ် ချာတာတွေ ကိုယ်စီ ရေးဆွဲပြီးသွားတဲ့အခါ မကြာခင် ကာလမှာ အများပြည်သူကို ထုတ်ပြန်လာဖို့ ရှိတယ်လို့ ဒေါက်တာ ခိုင်မြဲ က ဆိုပါတယ်။
ဒီစံနစ် အကောင်အထည် ပေါ်လာပြီဆိုရင် တက္ကသိုလ်တွေဟာ ပညာရေးဝန်ကြီးဌာနရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိတော့ပဲ၊ ဝင်ခွင့်ပြုမယ့် ကျောင်းသား အရေအတွက်နဲ့ သင်ရိုးညွှန်းတမ်းလို ကိစ္စမျိုးတွေကို ကိုယ့်မူဝါဒနဲ့ကိုယ် ဆုံးဖြတ် သွားနိုင်တော့မှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
Lutaw Lupyaw
No comments:
Post a Comment