"အမေရိကန်တွင် ခေတ်စားလာသည့် ခဲရောင်ဆံပင်"
ခေတ်ဆန်ဆန် အမေရိကန်သူကြားမှာ အခုနောက်ပိုင်း ခဲရောင်ဆံပန်ခေါ် ဂရန်နီဟဲ ဆိုပြီး ရေပန်းစားနေပါတယ်။
တကယ်တော့ ငွေရောင်ဆံပင်၊ မီးခိုးရောင် ခဲရောင်ဆံပင် ဘယ်လိုပဲခေါ်ခေါ် အသက်အရွယ်ရလာတဲ့ အမယ်အိုတွေရဲ့ ခေါင်းက ဆံပင်အရောင်က ခေတ်ဆန်တဲ့ အမေရိကန်သူတွေကြားမှာ ခေတ်စားလာပါတယ်။
အခုနောက်ပိုင်းမှာ လူငယ်တွေဟာ ဒီဆံပင်အရောင်ကို လိုချင်လွန်းလို့ ငွေကြေးအကုန်ကျခံကြပါတယ်။ နာမည်ကျော် အနုပညာရှင် လေဒီဂါဂါ၊ နစ်ကိုရစ်ချီနဲ့ ကယ်လီအော့စဘောင်းတို့ရဲ့ တုပခဲ့တဲ့ ဒီဆံပင်အရောင်ဟာ အမျိုးသမီးငယ်တွေကြားမှာ ခေတ်စားနေပါတယ်။
ဒီလို စတိုင်ကျကျ ဆံပင်အရောင်ကိုရဖို့ အလှပြင်ဆိုင်မှာ နာရီပေါင်းများစွာ ကြာနိုင်ပါတယ်။
နဂို ဆံပင်ကို အရောင်ချွတ်ဖို့နဲ့၊ အရောင်သစ်သွင်းဖို့ အနည်းဆုံး ၂ နာရီ ကြာတတ်ပါတယ်။
အကယ်၍ ဆံပင်အရောင်က အနက်ရောင်ဆိုရင် အရောင်ချွတ်တဲ့အချိန်၊ အရောင်သွင်းတဲ့အချိန်က နောက်ထပ် နာရီပေါင်းများစွာ ပိုကြာနိုင်ပါတယ်။
ဒီလို ဆံပင်အရောင်မျိုး ရဖို့ဆိုရင် အမေရိကန်မှာ အနိမ့်ဆုံး ဒေါ်လာ ၂၀၀ (ကျပ်ငွေ ၂ သိန်း) ကုန်ကျမှာ ဖြစ်ပါတယ်။လိုချင်တဲ့ အရောင်အနေအထား၊ နဂိုဆံပင်အခြေအနေကို လိုက်ပြီး ဒေါ်လာ ၇၀၀ (ကျပ်ငွေ ၇ သိန်း) အထိ ကုန်ချင်ကုန်နိုင်ပါတယ်။
ဒီလို အရောင်တင်ပြီးရင်လည်း အရောင်မလွင့်အောင် တလတကြိမ် ဆံပင်အလှပြင်ဆိုင်မှာ ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်လည်း ရှိပါတယ်။ ဒါပေမယ့် အချိန်နဲ့ငွေ ဘယ်လောက်ကုန်ကုန် နဂိုထက် ပိုလှ၊ ပိုစတိုင်ကျ၊ အများ အာရုံစိုက်မှုကို ရတယ်ဆိုရင် တန်ပါတယ်လို့ မိန်းကလေးတွေကတော့ ဆိုကြပါတယ်။
Credit : DVB
Thursday, April 30, 2015
"အမေရိကန်တွင် ခတ်စားလာသည့် ခဲရောင်ဆံပင်"
Labels:
နိုင်ငံတကာ သတင်း,
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment