"ရယ်စရာ ပြောတတ်သူတွေဟာ ဖိုမ သဘာဝမှာ ပိုမိုအားကောင်း"
ရယ်စရာ ဟာသလုပ်တတ်တဲ့ လူတွေမှာ ဖိုမသဘာဝနဲ့ ပတ်သက်လို့ ထူးခြားမှုတစ်ရပ် ရှိနေပါတယ်။ လေ့လာမှု အသစ်တစ်ခုအရ ပျော်ပျော်နေတတ်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ရုံမက ယောက်ျားစွမ်းရည်မှာလည်း အားကောင်းကြတယ်လို့ သိရပါတယ်။
ဟာသဥာဏ်ရှိတဲ့ အမျိုးသားတွေ လူမှုရေး ပိုမိုကျွမ်းကျင်မှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိတတ်ကြတယ်။ ဟာသဥာဏ်ကောင်းတဲ့ အမျိုးသားတွေနဲ့ ချစ်သူရည်းစားဖြစ်တဲ့ မိန်းကလေးတွေဟာ သူတို့လက်တွဲဖော်တွေရဲ့ ကာကွယ်မှုကို ပိုမိုခံစားကောင်း ခံစားနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ရယ်စရာဟာသတွေဟာ အကြပ်အတည်းအန္တရာယ်ဖြစ်တဲ့ အခြေအနေ နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့ အခြေအနေတွေကနေ သင့်ကို ကယ်တင်နိုင်လို့ပါပဲ။
နောက်အရေးကြီးတဲ့ အချက်တစ်ခုက ရယ်ရွှင်စရာဟာသက အသိဥာဏ် ထက်မြက်ခြင်းနဲ့ ဖန်တီးနိုင်မှု စွမ်းရည်ရှိတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟာသညဏ်ရှိတဲ့ အမျိုးသားတွေဟာ အလုပ်ကောင်းတွေ ရတတ်သလို ဝင်ငွေရှာတဲ့အချိန် ရောက်လာတဲ့အခါ အားသာချက်အဖြစ် တစ်ပမ်းသာတတ်ကြကြောင်း သိရပါတယ်။
Ref:yourtango
Lutaw Lupyaw
No comments:
Post a Comment