Tuesday, April 28, 2015

"စိတ်ဓာတ်ကျနေသော မိခင်များ၏ ကလေးများ အပြုအမူဆိုင်ရာ ပြဿနာ ကြုံတွေ့နိုင်"

"စိတ်ဓာတ်ကျနေသော မိခင်များ၏ ကလေးများ အပြုအမူဆိုင်ရာ ပြဿနာ ကြုံတွေ့နိုင်"

အကယ်၍ မိခင်များ ပြင်းထန်စွာ စိတ်ဓာတ်ကျနေပါက ၎င်းတို့၏ ကလေးငယ်များသည် အပြုအမူဆိုင်ရာ (သို့မဟုတ်) စိတ် ခံစားမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြေ ပိုများကြောင်း ပြင်သစ်နိုင်ငံ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ရောဂါရှိနေကြောင်း စစ်ဆေးနိုင်လောက်အောင် မပြင်းထန်သည့် စိတ်ဓာတ်ကျမှု လက္ခဏာများ ပြသနေသော မိခင်များနှင့် ကျန်းမာရေးဝန်ထမ်းများထံမှ အကူအညီများ ရယူရန် မကြိုးစားသည့်မိခင်များရှိနေပြီး ၎င်းတို့၏ ကလေးငယ်များ၏ စိတ်ခံစားချက်ဆိုင် ရာနှင့် အပြုအမူဆိုင်ရာ ကောင်းကျိုးအပေါ် အနုတ်သဘော ထိခိုက်နိုင်ကြောင်း ပြင်သစ် အမျိုးသားကျန်းမာရေး ဌာနနှင့် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့မှ သုတေသီ ဗန်ဒါဝါယာဒန်က ပြောသည်။

ကလေးငယ်များ မူကြိုကျောင်းတက်သည့် နှစ်များအတွင်း စိတ်ဓာတ်ကျမှုဒဏ်ခံရသော မိခင်များ၏ ကလေးငယ်များမှာ အပြု အမူဆိုင်ရာနှင့် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်ခြေ အမြင့်မားဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျမှုဒဏ်ခံခဲ့ရသော မိခင်များ၏ သားသမီးများမှာ ယင်းကဲ့သို့ ကြုံတွေ့ရမှု မရှိကြောင်း သိရသည်။

အလယ်အလတ်ဖြစ်စေ၊ ပိုမိုပြင်းထန်သော စိတ်ဓာတ်ကျမှု ဖြစ်စေ စိတ်ဓာတ်ကျသည့်ဒဏ် ကြာရှည်စွာ ခံစားနေရသည့် အ မျိုးသမီးများ၏ ကလေးငယ်များမှာ စိတ်ခံစားချက်ဆိုင်ရာ (သို့မဟုတ်) အပြုအမူဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း ယခု လေ့လာမှုက စစ်ဆေးတွေ့ရှိခဲ့သည်။

မိခင်များ စိတ်ဓာတ်ကျခြင်းနှင့် ကလေးငယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်မှုကြား ဆက်စပ်မှုရှိကြောင်း ပစ်ဘာ့ဂ်တက္ကသိုလ်မှ ကလေးစိတ်ပညာ သုတေသီ အီရီကာဖော့စ်က ပြောသည်။ မိသားစုတွင် ဘဏ္ဍာရေးအကျပ်အတည်း ကြုံရခြင်း (သို့မ ဟုတ်) အိမ်ထောင်ရေးပြဿနာတို့ကဲ့သို့ အခြားသော ပြဿနာများ ရှိပါက ကလေးငယ်များတွင် အန္တရာယ်ရှိသည်ဟု ဖော့စ်က ပြောသည်။
မိခင်များ စိတ်ဓာတ်ကျခြင်းမှာ ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ဆေးဝါးများ (သို့မဟုတ်) ကုထုံးများဖြင့် စိတ်ဓာတ်ကျမှု လက္ခဏာများ လျော့ကျသွားစေနိုင်သော်လည်း မိခင်များအနေဖြင့် ကလေးငယ်များနှင့် အပြန်အလှန်ဆက်ဆံမှု နည်းလမ်းသစ် များကို လေ့လာရန် ပညာရှင်များ၏ အကူအညီ ယူသင့်သည်ဟု သုတေသီများက ပြောသည်။

Credit : 7day Daily



Lutaw Lupyaw

No comments:

Post a Comment