"လူတိုင်းလူတိုင်း အိမ် "ထောင်" ကျ ရတော့မယ်ဆိုလျှင်"
သာယာသော အိမ်၊
အေးချမ်းသာ အိမ်၊
နားလည်မှုရှိသော အိမ်၊
မေတ္တာတရား ခြုံလွှမ်းထားသော အိမ် တွင်သာ
ထိုထောင်ကို အကျခံလိုကြပါသည်။
မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အိမ်ထောင်ပြုလိုက်ပြီ ဆိုတာနဲ့ သူ၊ သူမတို့ရဲ့ ဘ၀ကို တစ်သက်လုံး ကိုယ့်ရဲ့အိမ်ထောင်ဖက် တစ်ဦးတစ်ယောက်နှင့်သာ လျှောက်လှမ်းဖြတ်သန်းရတော့မည်ဖြစ်တဲ့အတွက် အချင်းချင်း နားလည်မှု၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိရုံတင်မက ကိုယ်ချင်းစာတရားလေးတွေ လက်ကိုင်ထားပြီး ငါသာသူ့နေရာမှာဆိုလျှင် ဆိုတဲ့စိတ်ကလေးတွေနဲ့ အမြဲအသိတရားဝင်ပြီး မဖေါက်မပြား ယောကျာ်းကောင်း၊ မိန်းမကောင်းပီသဖို့ မမေ့လိုက်ပါနဲ့။
အိမ်ထောင်ရေးတစ်ခုဟာလည်း အကျဉ်းထောင်တစ်ခု မဖြစ်ပါစေနဲ့။
မပြုချင်ရင်လည်း အစောကတည်းက မပြုပဲနေပါ။
ပြုပြီဆိုလည်း သူတစ်ပါး သား၊ သမီးနဲ့ ကိုယ့်ရဲ့သားသမီးကို မျက်ရည်ပေါက်ကြီးငယ်နှင့် စိတ်ဆင်းရဲအောင် မလုပ်မိကြပါစေနဲ့။
Credit : .ချစ်တဲ့...မနုဿ
Lutaw Lupyaw
No comments:
Post a Comment