Sunday, April 19, 2015

" ပြန်ဆုံကြမယ် သမီးရယ် "

" ပြန်ဆုံကြမယ် သမီးရယ် "

ထိုင်းနိုင်ငံမှာ အသက် နှစ်နှစ်သာ ရှိသေးတဲ့ သမီးငယ်ဟာ ဦးနှောက်ကင်ဆာ ရောဂါကို အပြင်းထန် ခံစားနေရတာကြောင့် အကြိမ်ကြိမ် ခွဲစိတ် ကုသခဲ့ပေမယ့် အသက်မရှင်နိုင်ဘဲ သေဆုံး သွားခဲ့ပါတယ်။

ဖခင်ဟာ ဆရာဝန် တဦးပါ၊ လူ့လောက ရောက်လာစမှာတင် သေမင်းဝေဒနာ ခံစားပြီးသာ သေဆုံးသွားခဲ့တဲ့အတွက် အလွန် ၀မ်းနည်းမိတဲ့ ဖခင်ဟာ သမီးငယ်ရဲ့ ရုပ်အလောင်းကို အမေရိကန်နိုင်ငံမှ သေဆုံး ပြီးတဲ့ သူတွေကို နကိုမူလအတိုင်း အသားအရေ ကိုယ်အတွင်းပိုင်း အစိတ်အပိုင်းများကို မူလအတိုင်း မပျက်စီးရအောင် ထိန်းသိမ်းတဲ့ နေရာကို ပို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါ နေရာကတော့ အနာဂတ်ကာလမှာ ဆေးပညာတွေ အရမ်း တိုးတက်လာတဲ့အခါမှာ လူသားတွေကို အသက် ပြန်ရှင်အောင် လုပ်နိုင်ဘို့  စမ်းသပ်မှာ ဖြစ်ပါတယ်။

ခုလို အထူး အအေးခန်းမှာ ထိမ်းသိမ်းပြီး ဆေးရေစိမ်ထားဖို့ ထိန်းသိမ်းခအဖြစ် ဒေါ်လာ သုံးသိန်းလောက် ကုန်မှာဖြစ်ပါတယ်။

"သမီးလေးမှာ ဦးနှောက်အတွင်းက ပျက်စီးသွားတာကလွဲရင် အားလုံး ဘာမှမပျက်စီးသေးပါဘူး တချိန်မှာ ဦးနှောက်အစားထိုး နည်းပညာတွေ တိုးတက်ပေါ်ပေါက်လာရင် သူအသက် ပြန်ရှင်နိုင် အောင်လို့ပါ။"

Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW



Lutaw Lupyaw

No comments:

Post a Comment