"အထီးကျန်နေသူတွေ ဓါတ်ပုံရိုက်ဖို့ Selfie Arm"
တစ်ယောက်ထဲ ခရီးသွားတဲ့အခါ နေရာသစ်တစ်ခုကို လည်ပတ်တဲ့အခါမှာ ဓါတ်ပုံရိုက်ပေးမယ့်သူ မရှိလို့ အထီးကျန်နေရတဲ့ သူတွေ ကိုယ့်ကိုကိုယ် ဓါတ်ပုံ ပြန်ရိုက်နိုင်စေရန် အတွက် Selfie Stick တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း Selfie Stick နဲ့ မိမိကိုယ်ကို ဓါတ်ပုံပြန်ရိုက်တဲ့အခါမှာ Selfie Stick ရဲ့ တုတ်ချောင်းပုံပါ မိမိနဲ့ အတူ ပါဝင်နေမှာဖြစ်ပြီး ဓါတ်ပုံထဲမှာရော ဓါတ်ပုံ ရိုက်နေစဉ်က ဘေးကကြည့်တဲ့လူပါ ကိုယ်အထီးကျန်နေမှန်း ပိုသိသာစေပါတယ်။ ဒါကြောင့်နည်းပညာ ကျွမ်းကျင်သူတွေက တီထွင်မှု အသစ်တစ်ခုနဲ့ ဒီပြသနာကို ဖြေရှင်းပေးလိုက်ပါပြီ။ Selfie Arm လို့ ခေါ်ပါတယ်။
လက်ချောင်းပုံစံ ဖန်တီးထားတဲ့ လက်ချောင်းပုံစံ Selfie Stick တစ်မျိုးဖြစ်ပြီး လောလောဆယ်မှာ စမ်းသပ် ထုတ်လုပ်နေဆဲ အဆင့်မှာပဲ ရှိနေသေးပြီး မကြာခင် ဈေးကွက်အတွင်း ရောက်ရှိလာမယ်လို့ သိရပါတယ်။
Credit : Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment