Monday, April 27, 2015

"လူတွေရဲ့ ဦးခေါင်းပေါ်မှာ လိုက်လံနားလေ့ရှိတဲ့ ဇီးကွက်"

"လူတွေရဲ့ ဦးခေါင်းပေါ်မှာ လိုက်လံနားလေ့ရှိတဲ့ ဇီးကွက်"

နယ်သာလန်နိုင်ငံမှာရှိတဲ့ ဇီးကွက် တစ်ကောင်ဟာ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။ ဒီဇီးကွက်ဟာ လူတွေရဲ့ ဦးခေါင်းပေါ်မှာပဲ လိုက်လံနားလေ့ ရှိပါတယ်။ ဒီအပြုအမူကို မကြာခဏ ပြုလုပ်လေ့ ရှိတာကြောင့် ဒေသခံတွေကြားမှာ ဒီဇီးကွက်ဟာ ထင်ရှား လာခဲ့ပါတယ်။

နော်ဒီအင်ဒီ မြို့မှာရှိတဲ့ ဇီးကွက်ဟာ အခြားဇီးကွက်တွေလို သစ်ပင်တွေမှာ နားလေ့မရှိပါဘူး။ ဒီဇီးကွက်ဟာ လူတွေရဲ့ ဦးခေါင်းပေါ်မှာ လိုက်လံ နားခဲ့တာမို့ ဒီအဖြစ်အပျက်ကို ကြုံတွေ့ရသူ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထူးခြားတာက ဒီဇီးကွက်ဟာ လူတွေရဲ့ ဦးခေါင်းပေါ်မှာ တစ်မိနစ်ခန့်သာ နားလေ့ရှိပါတယ်။ ဒီနောက် အခြားနေရာကို ရောက်ရှိသွားခဲ့ပြီး ဒီလိုအပြုအမူကို ထပ်မံ ပြုလုပ်လေ့ ရှိပါတယ်။

ဒါကြောင့် ဇီးကွက်ကို အနီးကပ် လေ့လာသူတွေ အတွက်ကတော့ အဆင်ပြေမှု ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒေသခံတွေ ကြားမှာတော့ ဒီဇီးကွက်ရဲ့ အပြုအမူဟာ အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။ ဒီဇီးကွက်ရဲ့ အပြုအမူကို လာရောက် လေ့လာမှု ပြုလုပ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေတောင် ရှိနေတယ်လို့ ဆိုပါတယ်။

ဇီးကွက်ဟာ လူတွေရဲ့ ဦးခေါင်းပေါ်မှာ ထူးထူးဆန်းဆန်း လိုက်နားလေ့ ရှိတာမို့ ဓာတ်ပုံဆရာတွေဟာ ဓာတ်ပုံ ရိုက်ကူးဖို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ အသက် (၄၈) နှစ် အရွယ်ရှိ နယ်သာလန် ဓာတ်ပုံဆရာ မန်နိုရှီဖာ ကတော့ ဒီဇီးကွက်ရဲ့ ထူးဆန်တဲ့ အပြုအမူကြောင့် ဓာတ်ပုံ လာရောက် ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


Credit : messenger



Lutaw Lupyaw

No comments:

Post a Comment