Saturday, April 4, 2015

"စိတ်ပေါ် မူတည်ပြီး ခလုတ်နှိပ်ရုံဖြင့် ဒီဇိုင်း ပြောင်းပေးမည့် စမတ်လက်ကောက်"

"စိတ်ပေါ် မူတည်ပြီး ခလုတ်နှိပ်ရုံဖြင့် ဒီဇိုင်း ပြောင်းပေးမည့် စမတ်လက်ကောက်"

နောက်ဆုံးမှာတော့ နည်းပညာမြင့် လက်ဝတ်ရတနာဟာ ဖက်ရှင်ကျကျ ဆင်မြန်းတတ်သူ တဦးအတွက် အံဝင်ခွင်ကျ ဖြစ်သွားပါပြီ။

တာဂိုအာ့ခ်’ လက်ကောက်ဟာ ကိုယ့်ရဲ့ ၀တ်စုံ ဒါမှမဟုတ် စိတ်အခြေအနေပေါ်လိုက်ပြီး ခလုတ်တချက်နှိပ်ရုံနဲ့ ဒီဇိုင်းအမျိုးမျိုး ပြောင်းလဲပေးမှာလို့ Liber8 ကြိုးမဲ့ပုံဖော် နည်းပညာကုမ္ပဏီမှ ရီကာကိုးဗက်ခ်ျက အခုလို ရှင်းပြပါတယ်။

“ဒါကနောက်ဆုံးပေါ်လက်ကောက်ပါ။ ဒီလက်ကောက်က အဆင့်မြင့်ဖက်ရှင်နဲ့ e-ink အီလက်ထရောနစ် မင်သုံး ဖန်သားပြင်ပါတဲ့ နောက်ဆုံးပေါ် လက်ကောက်တစ်ခုပါ။ အဲ့ဒီဖန်သားပြင်ပေါ်မှာပဲ အပြောက် အမွမ်းတွေကို ကိုယ်စိတ်ကြိုက် ပြောင်းလို့ရတယ်လေ။ ဒီတော့ မျက်နှာပြင်ပေါ်မှာ အဆုံးမရှိတဲ့ ဒီဇိုင်းတွေ ဖော်လို့ရတဲ့ အကောင်းစားလက်ကောက်တစ်ခုကို ပိုင်ဆိုင်ရတယ်လို့ တွေးကြည့်လိုက်ပါ။” လို့ သူက ပြောပါတယ်။

တာဂိုအာ့ခ်' ရုပ်ဖော်စနစ်အတွက် e- readers မှာသုံးတဲ့ e-ink အီလက်ထရောနစ် မင်ကိုပဲ အသုံးပြုထားသလို လက်ကောက်ထဲမှာ အနီးကပ် ကြိုးမဲ့ချိတ်ဆက်စနစ် NFC (သို့) Near Field Communication chip တခုပါဝင်ပြီး လက်ကောက်ကို ဒီဇိုင်းပြောင်းဖို့အတွက် ဖုန်းနဲ့ချိတ်ဆက်နိုင်တယ်လို့ ရီကာကိုးဗက်ခ်ျက ပြောပါတယ်။

“App ထဲကိုဝင်၊ လက်ကောက်ပေါ်မှာပေါ်ချင်တဲ့ ဒီဇိုင်းကိုရွေး၊ အဲဒီပေါ်မှာ ကလစ်တစ်ချက် နှိပ်လိုက်ရုံပဲ၊ သက်ဆိုင်ရာဒီဇိုင်း အဆင်အပြင်ပေါ် မူတည်ပြီး download ချလို့လည်းရတယ်။ ၀ယ်လို့လည်းရတယ်။ ပြီးရင် စမတ်ဖုန်းကနေ လက်ကောက်ဆီကို ချိတ်ဆက်မယ်။ ပုံပို့ပေးတဲ့ picture transfer ကို ကလစ်တစ်ချက် ခေါက်လိုက်ပါ။ ပုံရိပ်ဖော်စွမ်းအင်က လက်ကောက်ဆီကို ရောက်သွားမယ်။ 10 စက္ကန့် လောက်စောင့်လိုက်တာနဲ့ ဒီဇိုင်းအသစ်တစ်ခုရပါပြီ။” လို့ သူက ဆက်ရှင်းပြပါတယ်။

ဒီ app မှာ အနုပညာရှင်တွေ၊ ဒီဇိုင်းနာတွေ ဖန်တီးထားတဲ့ ရွေးချယ်စရာတွေများစွာ ရှိနေပါတယ်။

ဒီဇိုင်းဝန်ဆောင်မှုပေးတဲ့ဆိုင်တွေအတွက် ရာသီအလိုက် ပုံစံတွေကိုလည်း ထည့်သွင်းပေးမှာမို့ လူတိုင်းနဲ့ လိုက်ဖက်မယ့် ကိုယ်ပိုင်ဟန်တွေကို ရရှိသွားမှာပါလို့ ကိုးဗက်ခ်ျက ပြောပါတယ်။




DVB by ဒီဗွီဘီ
http://burmese.dvb.no/archives/88321



lutawlupyaw

No comments:

Post a Comment