Wednesday, April 1, 2015

"ကော်ဖီသောက်ရင် ကိုယ့်ကိုယ်ကို သတ်သေနိုင်ဖွယ်နှုန်း ၅၀ ရာခိုင်နှုန်းလျော့"

"ကော်ဖီသောက်ရင် ကိုယ့်ကိုယ်ကို သတ်သေနိုင်ဖွယ်နှုန်း ၅၀ ရာခိုင်နှုန်းလျော့"

ကော်ဖီကို တစ်နေ့နှစ်ခွက် ပုံမှန်သောက်ရင် မိမိကိုယ်မိမိ အဆုံးစီရင်မှုနှုန်း ၅၀ ရာခိုင်နှုန်း လျော့နည်းစေပါတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

ဟားဗတ်တက္ကသိုလ် လူထုကျန်းမာရေးဌာနက သုတေသီတွေဟာ ယခင်လေ့လာမှု ၃ ရပ် ကနေ အချက်အလက်တွေကို  ပြန်လည်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့ တွေ့ရှိခဲ့ရတာကတော့ အရွယ်ရောက် အဆုံးစီရင်သွားခဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ ကဖိန်းဓါတ်ပါတဲ့ ကော်ဖီကို လုံးဝမသောက်ဘူး ဆိုတာပါ။

အမျိုးသမီး၊ အမျိုးသား အရေအတွက် ၂ သိန်းမှာ ကော်ဖီ သောက်သူတွေနဲ့ ကော်ဖီ မသောက်သူတွေဆိုပြီး ဆန်းစစ်လေ့လာခဲ့ပါတယ်။ ကဖိန်းဓါတ်ပါတဲ့ ကော်ဖီတွေကို ၆ နှစ်ခွဲခန့် အချိန်ကြာအောင် သောက်သုံးခဲ့သူတွေထဲမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့သူ အရေအတွက်ဟာ ၂၇၇ ဦးပဲ ရှိပါတယ်။

ကဖိန်းဓါတ်ဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ဆာရိုတိုနင်၊ ဒိုပါမင်၊ နော်ရာဒရီနလိုင်း စတဲ့ ဦးနှောက်ကို ခံစားလို့ကောင်းစေမယ့် ဓါတ်တွေကို စိတ်ကျသက်သာဆေး အဖြစ် ထုတ်လွှတ်ပေးပါတယ်။

ဒီလေ့လာတွေ့ရှိချက်ဟာ ကော်ဖီသောက်နှုန်းကို မြှင့်ပေးသင့်တယ်လို့တော့ မဆိုလိုပါဘူး။ ကျန်းမာရေးကောင်းပြီး အရွယ်ရောက်ပြီးသူ တစ်ဦးဟာ တစ်နေ့ကို ကော်ဖီ ၂ ခွက်မှ ၄ ခွက် အတွင်းသာ သောက်သင့်တယ်လို့ ထောက်ခံချက် ပေးထားပါတယ်။ ကော်ဖီ အလွန်အကျွံသောက်ရင် မျက်စိကြောင်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာ၊ ကြွက်သားတွေ တသိမ့်သိမ့် တုန်တာ၊ နှလုံးခုန်မြန်တာ စတဲ့ စိတ်လက် မသက်သာစရာ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တယ်လို့ ကျွမ်းကျင်ပါရဂူကြီးတွေက ပြောထားပါတယ်။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment