Wednesday, April 1, 2015

"အနီရောင် ၀ိုင်ကို နှစ်သက်သဘောကျသူ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုမိုပြင်းပြ"

"အနီရောင် ၀ိုင်ကို နှစ်သက်သဘောကျသူ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုမိုပြင်းပြ"

ယမကာပေါင်း မြောက်များစွာထဲမှာမှ အခြားယမကာတွေထက်ပိုပြီး အနီရောင်ဝိုင်ကို နှစ်သက်သဘောကျသူ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုမိုပြင်းပြကြတယ်လို့ အီတလီ သုတေသီတွေက Journal of Sexual Medicine ထဲမှာ အခိုင်အမာ ဆိုထားပါတယ်။

ဖလောရီဆန့် တက္ကသိုလ်က ဆရာဝန်တွေဟာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကြားရှိတဲ့
အမျိုးသမီး အယောက် ၈၀၀ ကို သူတို့ရဲ့ ယမကာသောက်သုံးတဲ့ အမူအကျင့်တွေအရ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လေ့လာခဲ့ပါတယ်။ တစ်ဖွဲ့ကတော့ အနီရောင် ၀ိုင်တွေကို စွဲစွဲမြဲမြဲ သောက်သုံးကြပြီး နောက်တစ်ဖွဲ့ကတော့ အခြား ယမကာတွေကို သောက်သုံးလေ့ရှိကာ နောက်ဆုံးတစ်ဖွဲ့ကတော့ လုံးဝ မသောက်တတ်သူတွေပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ထိုအမျိုးသမီးတွေကို ချစ်တင်းနှီးနှောခြင်းနဲ့ ဆိုင်တဲ့ မေးခွန်း ၁၉ ခုကို
 မေးမြန်းခဲ့ပြီး အမှတ် ၂ မှတ် ကနေ ၃၆ မှတ်အထိ အစားစား သတ်မှတ်ခဲ့ပါတယ်။ အမှတ်
ပိုများတဲ့လူဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုများတာပဲ ဖြစ်ပါတယ်။

ပျမ်းမျှ အားဖြင့် တစ်နေ့ကို အနီရောင်ဝိုင် ၁ ခွက် (သို့) ၂ ခွက် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ ၂၇.၃ မှတ် ရရှိခဲ့ပြီး အခြားယမကာ သောက်သုံးတဲ့ အမျိုးသမီးတွေကတော့ ၂၅.၉ မှတ် ရရှိခဲ့ပါတယ်။ လုံးဝ မသောက်တတ်တဲ့ အမျိုးသမီးတွေကတော့ ၂၄.၄ မှတ်သာ ရရှိခဲ့တာကို တွေ့ရပါတယ်။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment