Monday, February 16, 2015

" ဆေးလိပ်အလွန်အကျွံသောက်ခြင်းဟာ သင့်အချစ်ရေးနဲ့ အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင် "

" ဆေးလိပ်အလွန်အကျွံသောက်ခြင်းဟာ သင့်အချစ်ရေးနဲ့ အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင် "

သင့်ရဲ့အကျင့်ဆိုးကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးကိုပါ ထိခိုက်ခံတော့မှာလား စဉ်းစားပါ။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမယ့် မဖြတ်နိုင်သေးလို့ သောက်နေတာမျိုးဆိုရင်လည်း လျှော့သောက်ဖို့ အကြံပေးချင်ပါတယ်။ လျှော့သောက်ဖို့ မဖြစ်နိုင်ဘူး။ ပိုတောင် တိုးသောက်ဖြစ်နေတယ်ဆိုရင်တော့ တစ်ချက်ပြန်စဉ်းစားရမှာက ငါ့အကျင့်ဆိုးဟာ ငါ့အချစ်ရေး၊ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်နိုင်သလား ဆိုတာပါပဲ။ ဒီမေးခွန်းအတွက် အဖြေကတော့ ဟုတ်တယ်ဆိုတာပါပဲ။ ဆေးလိပ်သောက်တာနဲ့ အချစ်ရေးနဲ့ ဘယ်လိုများ ဆက်စပ်နေသလဲ ကြည့်ရအောင်။

၁။အိမ်ထောင်ရှင်တွေအတွက် ညအိပ်စက်ခါနီး စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။

ဆေးလိပ်အလွန်အကျွံသောက်တဲ့ အိမ်ထောင်ဖက်နဲ့ အတူအိပ်စက်ရတာ တစ်ဖက်လူအတွက် တကယ်စိတ်ပျက်စရာပါ။ အင်္ကျီအ၀တ်အစား၊ ဆံပင်စတာတွေမှာ စွဲနေတတ်တဲ့ ဆေးလိပ်နံ့တွေကြောင့် မအိပ်ခင် ဘာလုပ်ပါ၊ ညာလုပ်ပါ စသဖြင့် သတိပေးရတာ အခါခါ ဖြစ်လာပါလိမ့်မယ်။ ဒါကို မလုပ်နိုင်တော့လို့ ဒီအတိုင်းအိပ်မယ်ဆိုရင်တော့ တစ်ယောက်နား၊ တစ်ယောက် ကပ်မအိပ်ချင်လောက်အောင် ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မအိပ်ဖြစ်တော့ဘူး၊ နီးနီးကပ်ကပ်မရှိတော့ဘူးဆိုရင် ဒါဟာလည်း သံယောဇဉ်ကြိုး လျော့ရဲသွားစေတဲ့အရာဆိုတာ မမေ့ပါနဲ့။

၂။စီးကရက်တွေနံ့တွေ အမြဲစွဲကပ်နေတဲ့ အ၀တ်အစားတွေကို ဘယ်သူကများ နီးနီးကပ်ကပ်ရှိချင်တော့မှာလဲ။

သေချာတာကတော့ သင်ဟာ စီးကရက်အလွန်အကျွံသောက်တတ်သူဆိုရင် သင့်ချစ်သူဟာ သင့်နားမှာကပ်ဖို့၊ သင့် ကိုယ်သင်းရနံ့လေးတွေအကြောင်း ပြောဖို့ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ သူ့နားကပ်ခံဖို့လည်း ၀န်လေးလာပါလိမ့်မယ်။ အနားကပ်လိုက်လို့ စီးကရက်နံ့တွေစွဲသွားမှာမျိုး သူမလိုလားပါဘူး။

၃။ကျန်းမာရေးမကောင်းတဲ့သူနဲ့ ချစ်သူဖြစ်ရတာ ပျော်စရာဘယ်ကောင်းနိုင်ပါ့မလဲ။

စီးကရက်သောက်တတ်တဲ့သူဟာ လည်ချောင်းနဲ့ပတ်သက်တဲ့ရောဂါ၊ အူ၊ အဆုတ်၊ နှလုံးရောဂါ စတာတွေ တစ်ခုမဟုတ် တစ်ခု ခံစားရမှာ အသေအချာပါပဲ။ ဒီတော့ ရောဂါဖြစ်နေတဲ့သူ၊ ချောင်းတစ်ဟွတ်ဟွတ်ဖြစ်နေတဲ့သူ၊ နှလုံးမကောင်းလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့သူရဲ့ အချစ်ရေးဟာ ဘယ်လောက်ထိ ပျော်စရာကောင်းမှာလဲ စဉ်းစားကြည့်ပါဦး။

၎။ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူနေတဲ့အခါ သာယာပျော်ရွှင်မှု မရနိုင်တော့ပါဘူး။

ဒါကတော့ ရှင်းပါတယ်။ စီးကရက်အလွန်အကျွံသောက်ရင် အမောခံနိုင်ဖို့ မလွယ်တော့ပါဘူး။ ကိုယ့်အိမ်ထောင်ဖက်နဲ့အတူ နေတဲ့အခါ အရင်လို မစွမ်းဆောင်နိုင်တော့တာမျိုး၊ ခဏခဏ နားရတာမျိုး၊ လွယ်ကူစွာမောပန်းတာမျိုးတွေ ကြုံလာရပါလိမ့်မယ်။

၅။ဘ၀မှာ မျှော်လင့်ထားတဲ့အရာတွေအတွက် မလုပ်နိုင်လို့ စိတ်ဓာတ်ကျရတာတွေ များလာမယ်။

ကိုယ့်ချစ်သူနဲ့နှစ်ဦးအတူ ဘာတွေလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်ထားတာမျိုးတွေ ရှိတယ်ဟုတ်။
ဘ၀တစ်ခုလုံး အတူဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာတွေကလည်း သင့်ရဲ့ ဆိုးရွားတဲ့ ဒီအကျင့်ဆိုးကြောင့် အကောင်အထည်ဖော်နိုင်ဖို့ ခဲယဉ်းလာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါ့အပြင် အခက်အခဲ ကြီးကြီးမားမား ကြုံရတဲ့အခါတိုင်းမှာလည်း သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်မှုအပိုင်း အားနည်းလာသလို စိတ်ဓာတ်ကျရတာမျိုးတွေသာ ဖြစ်လာပါလိမ့်မယ်။

Credit : Trend Myanmar


No comments:

Post a Comment