Monday, February 16, 2015

" အကြားအာရုံ ဆုံးရှုံးရခြင်းရဲ့ အကြောင်းအရင်းများ "

" အကြားအာရုံ ဆုံးရှုံးရခြင်းရဲ့ အကြောင်းအရင်းများ "

အနှေးနဲ့ အမြန်သာရှိတာပါ။ လူတိုင်းဟာ အကြားအာရုံ ဆုံးရှုံးကြတာချည်းဖြစ်ပါတယ်။

အကြားအာရုံ ဆုံးရှုံးတယ်ဆိုတာ အသက်ကြီးလာတာနဲ့ အမျှ  သဘာဝအလျောက် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှု တစ်ခုပါပဲ။ ကျွန်ုပ်တို့ရဲ့ အကြားစွမ်းရည်ဟာ အသက် ၃၀ သို့မဟုတ် ၄၀  နောက်ပိုင်းအချိန်ကနေစလို့ ပိုမိုဆိုးဝါးလာပြီး ကျွန်ုပ်တို့ အသက် (၈၀) လောက်ရောက်တဲ့အခါမှာ ထက်ဝက်ကျော်ဟာ အကြားအာရုံဆုံးရှုံးမှု သိသိသာသာ ခံစားလာကြရပါတယ်။ ဒါပေမယ့် အကြားအာရုံ ချို့တဲ့သူ အားလုံးရဲ့ ထက်ဝက်ကျော်ဟာ သူတို့ အလုပ်လုပ်ခဲ့တဲ့ နှစ်တွေကြောင့်ပါ။

အကြားအာရုံ ဆုံးရှုံးရခြင်းရဲ့ ဖြစ်နေကျ  နောက်အကြောင်း အရင်းတစ်ချက်က ဆူညံသံနဲ့ ထိတွေ့နေခြင်းပါ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင် ကမ္ဘာတစ်ခုမှာ နေထိုင်ကြတယ်။ ဒီဆူညံမှုက အလုပ်ကနေ ဒါမှမဟုတ် မိမိဆန္ဒအလျောက် ထိတွေ့ခြင်းလည်း ဖြစ်နိုင်တယ်… တေးဂီတဖျော်ဖြေပွဲ၊ နိုက်ကလပ်၊ ဒစ္စကိုကပွဲ နဲ့ စတူဒီယိုတွေကတဆင့် ဆူညံမှု စသဖြင့်ပေါ့။ နောက်တစ်ခုက နာကြပ်အသုံးမပြုခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပြီး အသေးစား MP3 စက်တွေ အသုံးများလာခြင်းကြောင့် လည်း အကြားအာရုံ ပျက်စီးခြင်းတွေဖြစ်စေပါတယ်။ အဲဒီစက်တွေဟာ ကျယ်လောင်သည့် အသံ အနေအထားကို ပေးစွမ်းနိုင်ပြီး အသုံးပြုတွေအနေနဲ့ လိုအပ်တာထက်ပို
ကျယ်တဲ့ အသံအနေအထားနဲ့ ထိတွေ့ နားထောင်မိတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။

နောက်ပြီးတော့ ရောဂါ၊ ကူးစက်ရောဂါတွေသို့မဟုတ် မူးယစ်ဆေးဝါးတွေကြောင့်လည်း အကြားအာရုံ ဆုံးရှုံးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်သလို နားရွက်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတစ်ခုခု ထိခိုက်ခြင်းရဲ့ရလဒ် သို့မဟုတ် ဦးခေါင်းမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။


Credit : Trend Myanmar


No comments:

Post a Comment