Sunday, February 15, 2015

" ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် .. ဒီလိုလေးစကြည့်ပ



" ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် .. ဒီလိုလေးစကြည့်ပါ "

ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် သင်ဝတ်ဆင်ထားတဲ့ အ၀တ်အစားပုံစံကို ဂရုစိုက်ကြည့်လိုက်ပါ။ သင် ကျောင်းဝတ်စုံဝတ်ထားရင်
ကျောင်းစာကို ကောင်းကောင်းသင်လိုက်ပါ။ ကျောင်းသားတစ်ယောက်အတွက် တာဝန်ကျေလိုက်
စမ်းပါ။

သင်ရဲ့ လုပ်ငန်းခွင်ဝတ်စုံကို ၀တ်ဆင်ထားပြီဆိုရင် ထိုလုပ်ငန်းခွင်အတွက် သင်အကောင်း
ဆုံးလိုက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်လို့ သဘောထား
ပြီး လုပ်ပစ်လိုက်ပါ။ သင် အားကစားဝတ်စုံကို ၀တ်ထားရင် ကျန်းမာရေးအတွက် အားကစားထလုပ်လိုက်ပါ။

ခရီးသွားဖို့  အ၀တ်အစားအသစ် သင်ဝတ်ထားမယ်ဆိုရင် ထသွားလိုက်ပါ။ ကျန်တာတွေ တွေးမနေပါနဲ့ တော့။ ဒါဟာ သင့်အတွက် ဘယ်တော့မှ
အချိန်ကို အကျိုးမယုတ်စေနိုင်ပါဘူး။ စိတ်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အလုပ်မျိုးလည်း
 ဖြစ်ပါတယ်။

ပါတီတက်ဖို့  အ၀တ်အစားဝတ်ထားရင် ကစရာရှိကလိုက်ပါ၊ ဆိုစရာရှိဆိုလိုက်ပါ။ ဒီလိုပဲ သင့်ဘ၀အတွက် အလုပ် လုပ်ဖို့ အ၀တ်အစားဝတ်ထားမယ်ဆိုရင်တော့ အဲ့ဒီအလုပ်ကို တာဝန်ကျေပွန်အောင် အကောင်းဆုံးလုပ်ဖို့  ဆုံးဖြတ်ချက်ချလိုက်တာဟာ သင်အမှန်ဆုံးပါပဲ။ ဒီလိုနည်းနဲ့  သင်ဘာစလုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်။ တကယ်တော့ သင်ကိုယ်တိုင် အလုပ်တစ်ခုကိုစလုပ်ဖို့  အ၀တ်အစားကို ရွေးချယ်ဝတ်ဆင်နေခြင်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။


Credit : True Man



Posted via Blogaway


No comments:

Post a Comment