" ချိုင်းကြားညိုမည်းခြင်းကို သက်သာစေမယ့် နည်းလမ်းကောင်းများ "
အမျိုးသမီးတော်တော်များများဟာ ချိုင်းကြား ညိုမဲခြင်း ပြဿနာကို ရင်ဆိုင်နေရတာကြောင့် ချိုင်းချွေးနံ့ပျောက်ဆေးတွေကလည်း ချိုင်းသားကိုဖြူစင်ဝင်းပစေမယ်ဆိုတဲ့ အာမခံချက်တွေနဲ့ အပြိုင်အဆိုင် ဈေးကွက်ကို ရောက်ရှိလာကြပါတယ်။ ဒါပေမယ့် ဒီလောက်မလွယ်ကူဘူးဆိုတာတော့ ခံစားနေရတဲ့ သင်ကိုယ်တိုင်သိမှာပေါ့။
ဒါဆို ချိုင်းကြားလေးတွေကို ဖြူစင်ဝင်းပနေအောင် ဘယ်လိုလုပ်ရမလဲ
သံပုရာရည်
သံပုရာရည်ဟာ သဘာဝကပေးတဲ့ အရောင်ချွတ်ဆေးတစ်မျိုးဆိုတာ လူတိုင်းသိပေမယ့် ဘယ်သူမှတော့ လွယ်လွယ်နဲ့ သတိမထားမိတတ်ပါဘူး။ ချိုင်းကြားလေးတွေကို ဖြူစင်ဝင်းပလာအောင်လို့ ရေမချိုးခင် သံပုရာသီးကို နှစ်ခြမ်းခြမ်းပြီး အသားထဲစိမ့်ဝင်အောင် ပွတ်ပေးပါ။ ပြီးမှ အစိုဓာတ်ထိန်း ခရင်မ်လေးကိုလိမ်းပေးပါ။ ထိုသို့လုပ်နေတဲ့အချိန် ချိုင်းချွေးနံ့ပျောက်ဆေးတွေ အသုံးမပြုပါနှင့်။
Waxing ပြုလုပ်ပေးပါ
ချိုင်းကြားညိုမဲရခြင်းရဲ့အကြောင်းရင်းတွေထဲက အဓိကအကြောင်းအရာဖြစ်တဲ့ ချိုင်းမွှေးရိတ်ခြင်း အမွှေးကျွတ်ဆေးများအသုံးပြုခြင်းတို့ကို လုံးဝရှောင်ကျဉ်လိုက်ပါ။ အဲဒီအစား waxing ပြုလုပ်ပေးပါ။ ထိုနည်းဟာ နာကျင်မှုကို ခံစားရပေမယ့် အမွှေးများကို အရင်းမှကျွတ်စေပြီး ချိုင်းကြားဟာ ချက်ချင်းလက်ငင်းဖြူလာစေမှာပါ။
အားလူး သို့မဟုတ် သခွားရည်
သံပုရာရည်လိုပဲ အာလူးကလည်း သဘာဝကပေးတဲ့ အရောင်ချွတ်ဆေးပါပဲ။ အားလူးကို အလောတော် ပါးပါးလေးလှီးပေးပြီး ချိုင်းကြားကို စိမ့်ဝင်နေအောင် ပွတ်ပေးပါ။ သခွားသီးကိုလည်း အာလူးအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ထို့နောက် ၁၅မိနစ်ခန့် ထားပေးပြီး ရေဆေးချလိုက်ပါ။ ဒီကြားထဲ ချိုင်းချွေးနံ့ပျောက်ဆေးတွေကို မသုံးပါနဲ့ဦးနော်။
ပေါင်းတင်ဆေးသုံးပေးပါ
ချိုင်းကြားအသားအရေကို ပေါင်းတင်ခြင်းဖြင့်လည်း ညိုမဲခြင်းတွေကို နှုတ်ဆက်နိုင်ပါတယ်။ အိမ်တွင်းပေါင်းတင်ဆေးကို ကိုယ့်ဘာသာကို ဖော်စပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဂျုံမှုန့်ကို
ဒိန်ချိန်နဲ့ရော သံပုရာရည်ထည့်ပြီး နနွင်းနဲ့ပေါင်းစပ်ပြီး ၁၅မိနစ်မှမိနစ်၂၀ထိ ချိုင်းကြားတွင် သုတ်လိမ်းကာ ပေါင်းတင်နိုင်ပါတယ်။ ထို့နောက် ရေဆေးချလိုက်ပါ။ အကယ်၍ ဆိုင်တွင် အသင့်ရှိပြီးသား ပေါင်းတင်ဆေးကိုပဲသုံးမယ်ဆိုရင်တော့ ရွှံဆေးကို အခြေခံဖော်စပ်ထားတဲ့ အသားဖြူပေါင်းတင်ဆေးကို အသုံးပြုလို့ရပါတယ်။
သစ်ကြံပိုးခေါက်နှင့် နှင်းဆီပေါင်းခံရည်
ချိုင်းကြားအသားအရေကို ဖြူဝင်းလာဖို့အတွက် အကောင်းဆုံးဆေးနည်းထဲက တစ်ခုကတော့ သစ်ကြံပိုးခေါက်နှင့် နှင်းဆီပေါင်းခံရည်တို့ကို ရောစပ်ထားတဲ့ဆေးရည်ပါပဲ။ သစ်ကြံပိုးခေါက်က အသားအရည်ကို ဖြူဝင်းလာစေပြီး နှင်းဆီပေါင်းခံရည်ကတော့ အသားအရေကို အေးစေပါတယ်။ ဆေးရည်ကို မိနစ်အနည်းငယ်မျှထားပြီး ရေဆေးချလိုက်ပါ။ နေ့စဉ်နေ့တိုင်းပြုလုပ်ပေးပါက ထူးခြားမှုကို တွေ့ရှိနိုင်ပါသည်။
ချိုင်းချွေးနံ့ပျောက်ဆေးများအသုံးပြုခြင်းကို ဆင်ခြင်ပါ
ချိုင်းချွေးနံ့ပျော်က်ဆေးများဟာ ချိုင်းကြားညိုမည်းခြင်းကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းပြချက်ထဲမှာ ပါရှိပါတယ်။ ထိုအစား ပေါင်ဒါတို့ ကျောက်ချဉ်တို့ကို အသုံးပြုပေးပါ။ တတ်နိုင်ပါက လုံးဝမသုံးပါနဲ့။ ချိုင်းများ ဖြူဝင်လာလို့ အသုံးပြန်ပြုတော့မယ်ဆိုရင်တောင် ထိခိုက်လွယ်တဲ့အသားအရေအတွက် အထူးပြုလုပ်ပေးထားတဲ့ ချွေးနံ့ပျောက်ဆေးကိုသာ
အသုံးပြုပေးပါ။
Credit : Sk Herbal Myanmar
Sunday, February 15, 2015
" ချိုင်းကြားညိုမည်းခြင်းကို သက်သာစေမယ့် နည်းလမ်းကောင်းများ "
Labels:
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment