" လူတိုင်းအတွက်ခြေထောက်ကျန်းမာရေး "
လူတစ်ယောက်ရဲ့ ခြေထောက် ၊သူစီးနေတဲ့ ဖိနပ်ကို ကြည့်လိုက်ခြင်းအားဖြင့် အဲဒီလူရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ခန့်မှန်းနိုင်ကြပါတယ်။ ဒါကြောင့် လူတွေအတွက် ခြေထောက်တစ်စုံဟာ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက်ရော၊ ရှင်းသန့်လှပတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက်ရော အရေးကြီးရုံမက မိမိတို့ရဲ့ ဘဝတစ်လျောက်လုံး သက်တောင့်သက်သာနဲ့ တက်ကြွစွာ နေထိုင်နိုင်ဖို့အတွက်ပါ အရေးပါလှပါတယ်။ တကယ်လို့ သင့်ရဲ့ခြေထောက်ဟာ လမ်းလျောက်တဲ့အခါ သက်တောင့်သက်သာမရှိဘဲ နာကျင်မှုဝေဒနာကို ခံစားနေရရင် အများသူငှာလို တက်တက်ကြွကြွ မလှုပ်ရှားနိုင်တော့ဘဲ စိတ်သွားတိုင်းကိုယ်မပါတဲ့ အဖြစ်မျိုးကို ခံစားကြရမှာဖြစ်ပါတယ်။
အထူးသဖြင့် ဆီးချိုရှိသူများဟာ ခြေထောက်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ခြေထောက်မှာ အဖြစ်များလို့ပါဘဲ။ တကယ်လို့ ထိရာရှရာ အနာတစ်ခုခု ရလာခဲ့ရင် ကုသမှုအပိုင်းမှာ ရှုပ်ထွေးမှုတွေ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် မကောင်းတဲ့ အဖြစ်အပျက်မျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် မိမိတို့ရဲ့ ခြေထောက်ကို အလေးအနက်ထားပြီး ဂရုစိုက်သင့်ပါတယ်။
(၁) မိမိတို့ခြေထောက်မှာ ထိရာရှရာ၊ အနာတွေ၊ အက်ကြောင်းတွေရှိ၊မရှိ မကြာခဏ ရှာဖွေကြည့်ရှုသင့်ပါတယ်။ ခြေထောက်ဖောရောင်နေသလား၊ အရောင်ပြောင်းနေသလား ဆိုတာ ကြည့်ရှုစစ်ဆေးသင့်ပါတယ်။
(၂) မိမိတို့ရဲ့ ခြေထောက်ကို နေ့တိုင်းပုံမှန် ရေနွေးလေးနဲ့ ဆေးပေးပါ။ ပြီးတော့ ခြေထောက်ကို ခြောက်သွေ့အောင်ထားပါ။ အထူးသဖြင့် ခြေချောင်းလေးတွေကြား ရေတွေ ခြောက်အောင် ဂရုစိုက်ပြီးသုတ်ပေးပါ။ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ချိုးရေထဲမှာ စကျင်ကျောက်လေးတွေကိုထည့်ထားပြီး ရေချိုးတဲ့အခါ ခြေထောက်တစ်ခုလုံးကို ပွတ်တိုက်ပေးခြင်းဖြစ်ပါတယ်။ ဒါဟာ ခြေထောက်အတွင်း သေနေတဲ့အာရုံကြောတွေကို ပြန်လည်နိုးကြွလာအောင် လှုံဆော်ခြင်းဘဲဖြစ်ပါတယ်။
(၃)ခြေထောက်ကို ဆေးနေတဲ့အချိန်မှာ အထူးသဖြင့် ခြေဖနောင့်ကို ပိုပြီး အာရုံစိုက်ပြီး ပွတ်တိုက်ပေးပါ။ ဒါဟာ ဆဲလ်အသေတွေကို ဖယ်ရှားရာ ရောက်ပြီး ခြေထောက်ကို နုညံ့စေလို့ပါ။
(၇)တစ်ပတ်မှာ တစ်ကြိမ်လောက် ပူရှိန်းရွက်ဆီ အနည်းငယ်ထည့်ပြီး ခြေထောက်ကို နှိပ်ပေးပါ။
(၈)ညဘက် အိပ်ယာမဝင်ခင် ခြေထောက်ကို အသေအချာရေဆေးပြီးအိပ်ပါ။ ခြေထောက်ကို ရေဆေးပြီးတဲ့အခါ ခြောက်သွေ့အောင် သုတ်ဖို့တော့လိုပါတယ်။ ခြေဖဝါးရဲ့အရေပြားမှာ အဆီဂလင်းတွေမရှိကြပါဘူး။ ဒါကြောင့် ခြေဖဝါးကို ချောမွေ့စေချင်တယ်ဆိုရင် ညတိုင်းခြေဖနောင့်ကို အလှဆီလိမ်းပါ။
(၉)တစ်ပတ်မှာတစ်ကြီမ်လောက် ဒါမှမဟုတ်လိုအပ်သလို ခြေသည်းကို တိတိရိရိ ညှပ်ပေးပါ။ အဓိကအားဖြင့် ရေချိုးပြီးခါစအချိန်တွေမှာ ခြေသည်းတွေဟာ နုညံ့နေတာကြောင့် အဲဒီအချိန်မှာ ခြေသည်းညှပ်ရတာ အရမ်းလွယ်ကူစေပါတယ်။
(၁၀) အသားမာ များကို ရေမြှုပ်ကျောက်နဲ့ ရေချိုးပြီးတိုင်းပွတ်တိုက်ပေးပါ။ အသားမာတွေကို ချွန်ထက်တဲ့ ပစ္စည်းတွေနဲ့ ဖယ်ထုတ်တာတွေကို ရှောင်ရှားပြီး သင့်တော်တဲ့လိမ်းဆေးတစ်မျိုးကို လိမ်းပေးခြင်းဖြင့် အရည်ပြားအသစ်လဲလာပြီး နဂိုအရည်ပြားအတိုင်း ဖြစ်သွားနိုင်ပါတယ်။
(၁၁)သက်တောင့်သက်သာနဲ့ စီးရအဆင်ပြေစေတဲ့ ဖိနပ်မျိုးကို ရွေးချယ်ပါ။ အချို့ဖိနပ်များဟာ ခြေဖနောင့်ကို ညောင်းညာစေပြီး အာရုံကြောကိုပါ ထိခိုက်စေတာကြောင့် အကျိုးဆက်အနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အာရုံကြောတွေကို ကောင်းကောင်းဒုက္ခပေးပါတယ်။
(၁၂)ခြေထောက်အတွင်း သွေးလည်ပတ်မှုကို ဂရုစိုက်ဖို့လိုပါတယ်။ အိမ်မှာနေရတဲ့ အချိန်တွေမှာ အတတ်နိုင်ဆုံး ခြေထောက်တွေကို ထောင်ပြီးထားပါ။ တစ်ရက်ကို ၃-၄ ကြိမ်လောက် ခြေထောက်ကို ကွေးချည်ဆန့်ချည် လုပ်ပေးပါ။ ခြေထောက်ကို လိမ်ခေါက်ပြီး အကြာကြီး မနေသင့်ပါ။ ဒါဟာ သွေးလည်ပတ်ကို ထိခိုက်စေတာကြောင့် သတိထားသင့်ပါတယ်။
မိမိတို့ရဲ့ခြေထောက်လေးကို ဒီလိုပုံမှန်လေး ဂရုစိုက်ပေးခြင်းဖြင့် ခြေထောက်ကျန်းမာရေးအတွက် အထောက်အကူပြုရာ ရောက်ပြီး လှပတက်ကြွတဲ့ ခြေလှမ်းလေးတွေကို လှမ်းနိုင်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်...
Credit: Yangon Life Myanmar
Sunday, February 15, 2015
" လူတိုင်းအတွက်ခြေထောက်ကျန်းမာရေး "
Labels:
ကျန်းမာရေး,
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment