Sunday, February 15, 2015

" နှစ်ပတ်ကြာမေ့ မြောသွားသော တရုတ်အဘွားအို သတိပြန်ရလာချိန်မှာ အင်္ဂလိပ်စကား ပြောဆိုနေ "


" နှစ်ပတ်ကြာမေ့ မြောသွားသော တရုတ်အဘွားအို သတိပြန်ရလာချိန်မှာ အင်္ဂလိပ်စကား ပြောဆိုနေ "

တရုတ်နိုင်ငံမှာ လေဖြတ်ရောဂါ ဝေဒနာကို ခံစားနေရရှာတဲ့ အဘွားအိုတစ်ဦးဟာ နှစ်ပတ်ကြာ မေ့မြောသွားခဲ့ပြီးနောက် ပြန်လည်သတိရလာတဲ့အချိန်မှာတော့ မိခင်ဘာသာစကားကို ပြောဆိုခြင်းမရှိဘဲ အင်္ဂလိပ်ဘာ သာစကားကို ပြောဆိုနေတယ်လို့ သိရပါတယ်။

အဆိုပါ လေဖြတ်ရောဂါကြောင့် နှစ်ပတ်ကြာမေ့မြောခဲ့တဲ့ အဘွားအိုကတော့ အသက် ၉၄နှစ် အရွယ် Liu Jieyu ဖြစ်ပါတယ်။
သူမ ပြန်လည်သတိရလာခဲ့တဲ့အချိန် မှာ အင်္ဂလိပ်လို Where am I? What is happening?၊ ''ကျွန်မ ဘယ်ရောက်နေတာ လဲ ၊ ကျွန်မ ဘာဖြစ်သွားတာလဲ'' လို့ ဖြည်းဖြည်းနဲ့မှန်မှန် ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံ Changsha မြို့ရှိ ဆေးရုံမှ သက်ဆိုင်ရာတာဝန်ရှိသူများရဲ့ပြောဆိုချက်အရ သိရပါတယ်။

ယခုလို နှစ်ပတ်ကြာမေ့မြောခဲ့ပြီး ပြန်လည်သတိရလာတဲ့အခါမှာတော့ မိခင်ဘာသာစကားဖြစ်တဲ့ တရုတ်ဘာသာစကားကို ပြောဆိုခြင်းမရှိတဲ့ အင်္ဂလိပ်ဘာသာ စကားကို ပြောဆိုနေတဲ့ Liu Jieyu ရဲ့ မိသားစုဝင်တွေကတော့ သူမအတွက် အတော်လေးစိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။
အသက် ၉၄ နှစ်အရွယ် Liu Jieyu ဟာ လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော်က အင်္ဂလိပ်ဆရာမ တစ်ဦးဖြစ်ခဲ့သော်လည်း အင်္ဂလိပ်စကားကို ပြောဆိုလေ့မရှိဘူးလို့ သိရပါတယ်။ ယခုအခါမှာတော့ သူမဟာ အင်္ဂလိပ်ဘာသာစကားကိုသာ ပြောဆိုနေတယ်လို့ သိရပြီး သက်ဆိုင်ရာ တာဝန်ရှိဆရာဝန်များက သူမအနေနဲ့ မိခင် ဘာသာ စကားကို မကြာခင်ပြောဆိုနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref:DailyMail
Yangon Media Group

No comments:

Post a Comment