Monday, February 9, 2015

" ချစ်သူ "

အလွမ်းတွေကိုတဖြည်းဖြည်းနဲ့
နေသားကျစေချင်လိုက်တာ....

တဖြည်းဖြည်းဝေးခဲ့တာ
ကိုယ်တို့နှစ်ယောက်ကြားမှာ
ပြန်ဆုံမဲ့နေ့ဆိုတာတွေတောင်
လက်ချိုးရေတွတ်လို့ မရနိုင်တော့ဘူး

သိစေချင်ခဲ့တယ် 'ချစ်သူ'
အိပ်ပျက်ခဲ့ရဖူးတဲ့
အလွမ်းညတွေအကြောင်း

သတိရလို့တိတ်တိတ်လေး
ကျခဲ့ရဖူးတဲ့မျက်ရည်တွေအကြောင်း

တမ်းတခြင်းတွေနဲ့ ပြန်ဆုံချင်ခဲ့ဖူးတဲ့
စိတ်ကူးလေးတွေအကြောင်းကိုပေါ့....'ချစ်သူ'

ရောက်တဲ့အရပ်မှာ နင် နေပျော်နေတဲ့ အတွေးနဲ့တင်.....
နင်နဲ့ အဝေးမှာ ငါလွမ်းနေရခြင်းတွေကို
ဖြေသာနိုင်ခဲ့ပြီ 'ချစ်သူ'

A Lwan Lwan


No comments:

Post a Comment