Thursday, February 5, 2015

" ရွံမုန်း ထိတ်လန့်စရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ လက်မပုံသဏ္ဍာန် USB Drive "

" ရွံမုန်း ထိတ်လန့်စရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ လက်မပုံသဏ္ဍာန် USB Drive "

ကနေဒါနိုင်ငံသား ဓာတ်ပုံပညာရှင် Justin Poulsen ဆိုသူက Mailer Campaign တစ်ခုမှာ အသုံးပြုဖို့ လက်မပုံသဏ္ဍာန် အချက်အလက် သိုမှီးကိရိယာတစ်ခု USB Drive ကို တီထွင်ခဲ့ပါတယ်။ Poulsen က သူ့လက်မပုံစံခွက်တစ်ခုကို အသုံးပြုပြီး အသွေးအသားရောင်နဲ့ နမူနာပုံစံငယ်တွေထဲ USB drives တွေကို မြုပ်ဝင်စေခဲ့ပါတယ်။ လက်မတွေကို အလွန်တရာ အသက်ဝင်အောင် နောက်ဆုံးအချောသတ်အဖြစ် ဆေးရောင် ဂရုတစိုက် ထပ်ခြယ်ပေးပါတယ်။ နောက်ကျောမှာ သွေးထွက်သံယိုမှုပုံစံအတိ ဖြစ်အောင် လုပ်ထားပါတယ်။

အားလုံးကို ဒီဂျစ်တယ်နဲ့ပဲအပြီး ဖန်တီးပြုလုပ်မယ့်အစား အသေးစား လူရုပ်ပုံနမူနာတွေနဲ့ တခြား ရုပ်ပုံ အသုံးအဆောင် ကိရိယာတွေကိုလည်း Poulsen မကြာခဏ ဖန်တီးပါတယ်။ စိတ်မချမ်းမြေ့စရာ၊ မနှစ်မြို့ဖွယ် ရာ ခန္ဓာကိုယ်အစိတ်အပိုင်း အသုံးပြုတာ ဒီတစ်ခါ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ရေဗူးတစ်လုံးကို သွေးအလိမ်းလိမ်း ယိုနေသော လက်နဲ့ ကိုင်ဆောင်လျက် Zombie လမ်းလျောက်နေတဲ့ ကြော်ငြာတစ်ခုကိုလည်း ယခင်က သူ ဖန်တီးခဲ့ဖူးသေးပါတယ်။

Credit: Trend Myanmar


No comments:

Post a Comment