Wednesday, April 1, 2015

"ကြက်ဥအနှစ်ရဲ့ အရောင်ကိုကြည့်ပြီး အန္တရာယ်ကင်းမကင်း ကြိုသိနိုင်"

"ကြက်ဥအနှစ်ရဲ့ အရောင်ကိုကြည့်ပြီး အန္တရာယ်ကင်းမကင်း ကြိုသိနိုင်"

ကျွန်ုပ်တို့ စားသုံးတဲ့ ကြက်ဥက ကျန်းမာရေးနဲ့ကိုက်တဲ့ သဘာဝကြက်ဥ ဟုတ်မဟုတ် ခွဲခြားသိရဖို့ ခက်ပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကြက်ဥဖြစ်မဖြစ် အတည်ပြု သတ်မှတ်ဖို့ ဒီဆောင်းပါးကို ဖတ်ရှုလေ့လာပါ။ ၄င်းရဲ့လျို့ဝှက်ချက်က ကြက်ဥအနှစ်ရဲ့ အရောင်အဆင်းမှာ ရှိပါတယ်။

ကြက်ဥအနှစ်ရဲ့ ဝါဖျော့ဖျော့အရောင်နဲ့ အဝါရောင်က ဥဥသွားတဲ့ ကြက်မက မသန့်ရှင်းတဲ့ အစာကိုစားပြီး နေရောင်ခြည် အလုံအလောက် မရရှိတဲ့အရပ်မှာ ထိန်းသိမ်းခံရလို့ ဖြစ်ပါတယ်။
ကြက်ဥအနှစ်ဟာ လိမ္မော်ရောင်ရင့်ရင့်ဖြစ်နေပါက ကြက်မက သန့်ရှင်းတဲ့အစာကို စားသုံးပြီး
 နေရောင်ခြည် အလုံလောက်ရတဲ့ သဘာဝပတ်ဝန်းကျင်မှာ ကျင်လည်ကြက်စားလို့ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲဒီကြက်ဥမျိုးက အန္တရာယ်ကင်းပြီး စားသုံးဖို့ သင့်တော်ပါတယ်။

ကြက်ဥစားရင် အနှစ်ရဲ့အရောင်အစင်းကို သတိပြုမိနိုင်ကြပါစေ။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment