"စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ပါကြေလေတယ်"
အသက်ကြီးသော်လည်း ခန္ဓာကိုယ် သွက်လက်ပြီး ပေါ့ပါးတဲ့သူတွေကို မိမိပတ်ဝတ်းကျင်မှာ တွေ့မြင်ရမှာပါ။ သူတို့ဟာ ပျော်ပျော်ပဲနေတတ်ပြီး စိတ်ကို ပျိုအောင်ထားတယ်ဆိုတာ သူ့တို့ကို မေးကြည့်နိုင်ပါတယ်။
လူတစ်ဦး တစ်ယောက်အတွက် စိတ်ဟာ အရေးကြီးသလို အရာရာကိုလည်း စိတ်က ရှေ့ဆောင်နေပါလေရဲ့။ ဒါကြောင့် လူငယ်ဖြစ်နေသော်ငြားလည်း စိတ်ထောင်းခြင်း ခံရပါက အသက်ကြီးသူနှင့် အလားသဏ္ဍန် တူနေပါတယ်။
မိမိဟာ စိတ်ဓာတ်ခွန်အား ဘယ်လောက်ရှိသလဲဆိုတာ မိမိ၏မျက်နှာ အမူအရာနှင့် ကိုယ်နေဟန်ထားတွေက သက်သေပြနေပါတယ်။ သေးငယ်သော ရောဂါတစ်ခု ခံစားနေရနေတယ်ဆိုရင် စိတ်အားငယ်မူ စိတ်ဓာတ်ကျမူတွေကြောင့် အသက်သေတဲ့ အထိသို့တိုင်အောင် ရောက်ရှိစေနိုင်လို့ စိတ်ကိုတော့ ပေါ့ပေါ့လေး မတွေးဆလိုက်ပါနဲ့။ ဒီအတွက်ကြောင့် စိတ်ဓာတ်ကို ခွန်အားရှိအောင် မွေးမြူပါ။
စိတ်ဓာတ်ခွန်အား အတွက် အကောင်းဆုံးသော လက်နက်ကတော့ စာဖတ်ခြင်းသာဖြစ်ပါတယ်။
Credit : yoyarlay
lutawlupyaw
No comments:
Post a Comment