Friday, August 28, 2015

"သင့်ဆံပင်သားတွေ ပိုမို လှပကျန်းမာနေစေဖို့ စားပေးသင့်တဲ့ အစားအစာများ"


"သင့်ဆံပင်သားတွေ ပိုမို လှပကျန်းမာနေစေဖို့ စားပေးသင့်တဲ့ အစားအစာများ"

ဆံပင်သားတွေ မွဲခြောက်နေတာမို့ စိတ်ညစ်နေရပါသလား၊ အခြားသူတွေရဲ့ ဆံပင်သားက ကြည့်လိုက်တာနဲ့ ပိုးသားလေးလို နူးညံ့ပြီး ပြောင်တင်းတင်းလေး ဖြစ်နေပေမယ့် သင့်ဆံပင်ကတော့ အဆီအနှစ်မရှိသလို အရောင်မွဲနေလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆို ခုလို အာဟာရဖြစ်စေတဲ့ အစားအစာတွေ များများစားပေးဖို့ တိုက်တွန်းပါရစေ။ ဒီအစားအစာတွေက ဦးရေပြားရဲ့ ပရိုတိန်းဓာတ်ကို နှိုးဆွပေးတဲ့အပြင် ဦးရေပြားရဲ့ မွှေးညှင်းပေါက်လေးတွေ သွေးလှည့်ပတ်မှုနှုန်းကို မြန်စေနိုင်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ပိုကျန်းမာစေဖို့၊ ပိုသန်စွမ်းစေဖို့နဲ့ ပိုမိုတောက်ပစေဖို့ သင့်ကို ကူညီပေးနိုင်တဲ့ အစားအသောက်တွေပါပဲ။ ဒါ့အပြင် မျက်တောင်နဲ့ လက်သည်းတွေကိုလည်း ပိုမို အားပြည့် သန်စွမ်းစေနိုင်ပါတယ်။

(၁) ဆန်ညို

ဆန်ညိုမှာပါဝင်တဲ့ သံဓါတ်နဲ့ ဗီတာမင် B ဓါတ်တို့ဟာ ဆံပင်ရဲ့ ဆွဲနိုင်ကျုံ့နိုင်အားကို တိုးတက်စေပြီး ဆံပင် ကြွတ်ဆတ်ဆတ်ဖြစ်နေတာကို ကာကွယ်ပေးပါတယ်။

(၂) ဆေးဘဲဥ

ဇင့်၊ ဆာလဖာနဲ့ ကလိုရင်ဓါတ်တွေအားလုံးဟာ အာဟာရ ပြည့်ဝစေတာချည်းပဲ ဖြစ်တာကြောင့် သင့်ဆံပင်ကို အကောင်းဆုံး အကူအညီ ပေးနိုင်ပါတယ်။

(၃) သဖန်းသီး    

သဖန်းသီးတွေဟာ သံဓါတ် အလွန်ပေါကြွယ်ဝပါတယ်။ ဦးရေပြား လှည့်ပတ်မှုနှုန်းနဲ့ ဆံပင်ပြန်လည် သန်စွမ်းဖို့ အဓိက အထောက်အကူပြုတာ သံဓါတ်ပါ။

(၄) ပန်းရောင် ဂရိတ်ဖရုသီး

ဒီအသီးမှာ ဗီတာမင် C ပါဝင်မှုနှုန်း အလွန်မြင့်မားတဲ့အတွက် ဆံပင်ကို ကာကွယ်ရန်နဲ့ အားဖြည့်ရန် အလိုအပ်ဆုံး သော့ချက်ပါပဲ။

(၅) ကိုက်လန်

တောက်ပပြီး ပျော်ရွှင်သန်စွမ်းတဲ့ ဆံပင်တွေရဖို့ ကိုက်လန်ကို များများစားပေးပါ။

(၆) သံလွင်ဆီ

သံလွင်ဆီဟာ ဗီတာမင် E ကြွယ်ဝပြီး ဆံပင်ရဲ့ မွှေးညှင်းပေါက်လေးတွေ သွေးလှည့်ပတ်မှုနှုန်း မြန်ဆန်စေပါတယ်။ ရှင်သန်ကြီးထွားစေဖို့ နှိုးဆွပေးနိုင်ပြီး ဗီတာဓါတ် ပြည့်ဝစေပါတယ်။

(၇) အနီရောင်ဂေါ်ဖီထုပ်

အနီရောင် ဂေါ်ဖီထုပ်တွေက ဆံပင်ကို သန်စွမ်းစေနိုင်ပြီး နေရောင်ခြည်နဲ့ ဓါတတုပစ္စည်းတွေကြောင့်ဖြစ်တဲ့ ဆံပင်ပျက်စီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment