"တကယ်လို့သာ သူ ကိုယ့်ကို စိတ်ဝင်စားနေမယ်ဆိုရင် အွန်လိုင်းမှာ ဘယ်လိုဇာတ်လမ်း စလိမ့်မလဲ"
ကိုယ်စိတ်ဝင်စားနေတဲ့သူက လူမှုကွန်ယက်မှာ ရှိနေတာမို့ ကိုယ်ကပဲ သွားပြီး friend request ပို့ရမလား။ သူပို့တာကိုစောင့်ရမလား အမြဲ ဇဝေဇ၀ါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သင်က မိန်းကလေးဆိုရင် ပိုလို့တောင် စဉ်းစားပါဦးမယ်။ နောက်တစ်ချက်က သူက ကိုယ့်ကို friend request ပို့လိုက်ပြီး လက်ခံလိုက်ပြီပဲ ထားပါတော့။ သူ့ရဲ့ အွန်လိုင်းပေါ်က အနေအထားတစ်ချို့ကို သုံးသပ်ပြီး ကိုယ့်ကိုစိတ်ဝင်စားနေသလား ဆိုတာ ဒီအချက်တွေကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
၁။သူက စိတ်တော့ စိတ်ဝင်စားတယ် ဒါပေမယ့် အီစီကလီလောက်ပဲဆိုရင်
- ဖေ့စ်ဘွတ်ခ်မှာ friend request ပို့လိမ့်မယ်။
- Instagram တို့ Twitter တို့မှာ ကိုယ့်ကို follow လုပ်လိမ့်မယ်။
- ကိုယ့်ပုံတွေကို Like လုပ်လိမ့်မယ်။
- လာ chat ရင် chat လိမ့်မယ်။ (သိပ်တော့မသေချာဘူး)
၂။သူက ကိုယ့်ကို ပိုးပန်းဖို့အထိ၊ ကိုယ့်ကို လိုက်မယ်ဆိုပြီး စဉ်းစားထားပြီဆိုရင်
- ကိုယ့် Facebook စတေးတပ်စ်မှာ ကွန်မန့် ဝင်ရေးလိမ့်မယ်။
- နှစ်ယောက်စလုံးကြိုက်တဲ့ မြူးဇစ်အဖွဲ့၊ အနုပညာရှင်ပုံ၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဖက်ရှင်ပုံ စတာတွေမှာ ကိုယ့်ကို tag ပေးလိမ့်မယ်။
- ကိုယ်နဲ့ပတ်သက်တဲ့ တစ်ယောက်စ၊ နှစ်ယောက်စကိုပါ ခင်မင်အောင် လုပ်လိမ့်မယ်။
- သင့်နဲ့ chat တဲ့အခါ သင့်အကြောင်း မေးတာမြန်းတာလေးတွေ လုပ်လိမ့်မယ်။
- ကိုယ်နဲ့ပတ်သက်ပြီး သူခံစားရတာတွေကို facebook စတေးတပ်စ်အဖြစ် တင်လိမ့်မယ်။
- ကိုယ့်ကို ဖုန်းနံပါတ်တောင်းတဲ့အထိ ဖြစ်လာမယ်။
၃။သူ ကိုယ့်ကို အရူးအမူဖြစ်နေပြီဆိုရင်
- ကိုယ်နဲ့ပတ်သက်တဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေဆီပါ friend request ပို့လိမ့်မယ်။
- သူ့ wall မှာတောင် သင့်မွေးနေ့အတွက် ဆုတောင်း ရေးပြီးတင်လိမ့်မယ်။
- သင့် wall မှာလည်း လာပြီး ပို့စ်လုပ်တာမျိုးတွေ ရှိလာလိမ့်မယ်။
- Instagram မှာ သင့်ကို tag ပေးပြီး ပုံတွေ တင်လိမ့်မယ်။
- အချစ်အကြောင်းတွေ ဆက်တိုက်ဆိုသလို တင်လာလိမ့်မယ်။
- သင့်ကို နေ့တိုင်းလာ chat မယ်။ သူ ဘယ်မှာ ဘာလုပ်နေတယ်ဆိုတာ ပြောလိမ့်မယ်။ သင့်ကိုလည်းမေးလိမ့်မယ်။
ဟန်နီ
Credit: Trend Myanmar
Friday, August 21, 2015
"တကယ်လို့သာ သူ ကိုယ့်ကို စိတ်ဝင်စားနေမယ်ဆိုရင် အွန်လိုင်းမှာ ဘယ်လိုဇာတ်လမ်း စလိမ့်မလဲ"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment