Monday, August 31, 2015
"လမ်းလျှောက်ခြင်းက သင့်ကို အစဉ်နုပျိုစေနိုင်ပြီး သင့်သက်တမ်းကို ၇ နှစ် ထပ်ပေါင်းပေးနိုင်"
"လမ်းလျှောက်ခြင်းက သင့်ကို အစဉ်နုပျိုစေနိုင်ပြီး သင့်သက်တမ်းကို ၇ နှစ် ထပ်ပေါင်းပေးနိုင်"
ဥရောပ နှလုံးရောဂါကုထုံးဆိုင်ရာ အသင်း (ESC) ညီလာခံကို တင်သွင်းခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တစ်နေ့ကို ပုံမှန်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးရင် နှလုံးဖောက်နိုင်ခြေ တစ်ဝက်တိတိ လျော့ကျသွားကြောင်း ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ဘယ်တော့မှ အိုမင်းခြင်းကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နှောင့်နှေးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ အသက် ၇၀ လောက်မှာ ပိုမို နုပျိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်နိုင်သလို အသက် ၉၀ လောက်အထိ အသက်ရှင်နေနိုင်ပါတယ်” လို့ အဆိုပါ လေ့လာမှု ပရောဂျက်ကို လုပ်ဆောင်ခဲ့သူ ပါမောက္ခ Sanjay Sharma က ပြောကြားပါတယ်။
“လေ့ကျင့်ခန်းပြုလုပ်ခြင်းက အသက် ၃ နှစ်ကနေ ၇ နှစ်အထိ ပိုရှည်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ကျမှုကို တိုက်ဖျက်ပေးတဲ့ဆေးပါပဲ။ မှတ်ဥာဏ်စွမ်းရည်လည်းကောင်းမွန်ပြီး dementia ခေါ် ဦးနှောက်ထိခိုက် ချို့ယွင်းမှုကြောင့် စိတ်ဖောက်ပြန်မှုရောဂါ စတင်ဖြစ်ပွားမှုကိုလည်း ဟန့်တားပေးနိုင်ကြောင်း အခုအခါ သက်သေအထောက်အထားတွေ ရှိနေပြီဖြစ်ပါတယ်။”
“နှလုံးကျန်းမာရေးမကောင်းတဲ့ လူတွေအနေနဲ့တော့ မပြေးသင့်ပါဘူး။ ဒါပေမယ့် အမောမဆို့သေးဘဲ စကားပြောနိုင်သေးတဲ့အချိန်အထိ လမ်းလျှောက်ပေးသင့်ပါတယ်” အသံတိတ် လူသတ်သမားလို့ နာမည်ကြီးတဲ့ atrial fibrillation (နှလုံးခုန်မူမမှန်မှု) ဖြစ်နိုင်ခြေကိုလည်း လေ့ကျင့်ခန်းလုပ်ပေးခြင်းက လျော့ကျစေပါတယ်။
ye wint
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment