Sunday, August 2, 2015
"မိန်းကလေးချစ်သူဆိုတာ"
"မိန်းကလေးချစ်သူဆိုတာ"
(၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ
(၂) ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းတားပေမယ့် ”ကျွန်မကို ချစ်မိတာ
နောင်တမရဘူးလား” လို့ လိုက်မေးတက်သူ
(၃) လပ်းဖြတ်ကူတဲ့အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ
(၄) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ
(၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုတ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ
(၆) အချက်အပြုတ်မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေးချင်တဲ့သူ
(၇) ဗေဒင်လက္ခဏာတွေတွက်၊ ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရအောင်လုပ်သူ
(၈) ချစ်သူကို တစ်နေ့မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
(၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တက်သူ
(၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့အနမ်းနဲ့ ချစ်သူကို မျှဝေးပေးတက်သလို စိတ်ညစ်ဝမ်းနည်းမှုတွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တက်သူ
Credit: ဖြိုးဇာနည်
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment