Tuesday, August 11, 2015

"သင့်ချစ်သူ ကောင်လေးဟာ အရင်ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးဘူးဆိုတာ သိသာသွားစေတဲ့ အချက်များ"


"သင့်ချစ်သူ ကောင်လေးဟာ အရင်ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးဘူးဆိုတာ သိသာသွားစေတဲ့ အချက်များ"

သင့်ချစ်သူကောင်လေးဟာ သင်နဲ့ ချစ်သူတွေ ဖြစ်ပြီးတာတောင် အရင်တစ်ယောက်နဲ့ ပြန်ပြီး အီစီကလီလုပ်နေတာမျိုး၊ ဒါမှမဟုတ် သူ့ဘက်က စွဲလန်းနေသေးတာမျိုးတွေ သိပ်ရိပ်မိနေပါသလား။ တကယ်တော့ အရင်တစ်ယောက်ကို စိတ်ရှိနေသေးရဲ့နဲ့ နောက်တစ်ယောက်နဲ့ တွဲဖို့ဆိုတာ မလွယ်ပါဘူး။ ပိုခက်တာက အဲ့လို စိတ်မပြတ်သားပဲ နောက်တစ်ယောက်ထပ်ထားပြီး ရည်းစားနှစ်ယောက်ထားသလို အဖြစ်မျိုး ရောက်နေတာမျိုးပါ။ သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ သူ့အရင်ရည်းစားဟောင်းကို မပြတ်နိုင်သေးတာ သေချာပါတယ်။

၁။ချစ်သူကောင်လေးနဲ့ သူ့ရည်းစားဟောင်း ပြတ်တယ်ဆိုတာ တရားဝင်ဖြစ်တာ တစ်လမပြည့်သေးဘူး။

အချစ်ဆိုတာ မီးခလုတ်လေး အဖွင့်၊ အပိတ် လုပ်သလောက်တော့ ဘယ်လွယ်လိမ့်မလဲ။ အထူးသဖြင့် သံယောဇဉ်ပေါ့။ ဒီတော့ ပြတ်ထားတာ ဘာမှမကြာသေးပဲ နောက်တစ်ယောက် ထပ်ထားနိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။  နောက်တွဲမယ့် တစ်ယောက်ကို တိတ်တခိုး စိတ်ဝင်စားနေတာမျိုးကြောင့် ရည်းစားဟောင်းကို ပြတ်ပြီး နောက်တစ်ယောက်နဲ့ တွဲတာဆိုရင်တော့ တစ်မျိုးပေါ့လေ။ မဟုတ်ရင်တော့ အရင်တစ်ယောက်အတွက် ခံစားချက်တွေကလည်း ရှိသေး။ နောက်တစ်ယောက်ကိုလည်း အီထားမိသေး။ ဘယ်လောက် စိတ်ကုန်ဖို့ ကောင်းပါသလဲ။

၂။ သူ့ရဲ့ စိတ်ခံစားချက်တွေက မတည်ငြိမ်သေးပါဘူး။

လမ်းခွဲထားတဲ့ စိတ်ခံစားချက်တွေ ပြန်လည် အဆင်ပြေနိုင်ဖို့အတွက် အချိန်ယူကိုယူရပါလိမ့်မယ်။ ဒီတော့ ရိုလာကိုစတာစီးနေသလို သူ့ခံစားချက်တွေဟာ တက်လိုက် ဆင်းလိုက်နဲ့ မတည်မငြိမ် ဖြစ်နေနိုင်ပါတယ်။ သူဟာ သင့်အပေါ် အေးအေးကြီး ဆက်ဆံလိုက်။ ပြီးသွားတဲ့အခါ အရမ်းချစ်ပြနေလိုက် ဆိုရင်တော့ သူ့ကို သတိထားကြည့်ပါ။ ဒါဟာ သူ့အရင်ရည်းစားကြောင့် ဖြစ်နေတာပါ။

၃။ရည်းစားဟောင်းနာမည်ကို မကြာခဏ ဖွင့်ပြောနေမိလိမ့်မယ်။

စွဲလန်းနေတဲ့ စိတ်ကြောင့် ကိုယ်သတိမထားမိပဲ သူ့နာမည် လွှတ်ခနဲ ပြောလိုက်တာမျိုး ရှိသလို၊ အကြောင်းကြောင်းကြောင့် ပြောဖြစ်သွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

၎။အဆက်အသွယ်တွေ ရှိနေတယ်။ ပုံမှန်ဆက်သွယ်နေကြတယ်။

ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို နေတာမျိုး သင် လက်ခံနိုင်ရင်တောင် လိုတာထက်ပို ဖုန်းတွေပြောမယ်၊ chat ကြမယ်၊ အပြင်မှာ ဆုံကြမယ်ဆိုရင်တော့ သင် စိတ်ညစ်လာမှာအမှန်ပါပဲ။ သူဟာ ရည်းစားဟောင်းနဲ့ လိုတာထက်ပို ဆက်သွယ်နေသလားဆိုတာ ကြည့်ပါ။ အခြေအနေမဟန်ရင်တော့ ဖွင့်မေးလိုက်တာ ပိုကောင်းပါတယ်။

၅။ရည်းစားဟောင်းကို အမြဲ အပြစ်တင်နေတတ်တယ်။

သူဟာ သင့်ရှေ့မှာ သူ့ရည်းစားဟောင်း မကောင်းကြောင်းတွေ၊ အမှားတွေ ဖွင့်ဟနေတတ်တယ်ဆိုရင်လည်း ဒါဟာ သူ စိတ်မပြတ်သေးလို့ပါ။ သူ့စိတ်ထဲက ဖွင့်ထုတ်ချင်တာတွေ၊ ဖွင့်ဟချင်နေတာတွေကို သင့်ရှေ့မှာမို့ မကောင်းတာတွေ ချပြနေရတာမျိုးပေါ့။


မေသော်

Credit: Trend Myanmar

No comments:

Post a Comment