Thursday, August 27, 2015

"အမျိုးသမီးတွေဟာ သူတို့ဘ၀ရဲ့ နှစ်နှစ်တာလောက်ကို မိတ်ကပ်လိမ်း ပြင်ဆင်ရင်း ကုန်ဆုံးကြပြီး အလှအပအတွက် ပေါင် ၁၂၀၀၀ (မြန်မာငွေ သိန်း ၂၅၀ နီးပါး) သုံးစွဲကြ"


"အမျိုးသမီးတွေဟာ သူတို့ဘ၀ရဲ့ နှစ်နှစ်တာလောက်ကို မိတ်ကပ်လိမ်း ပြင်ဆင်ရင်း ကုန်ဆုံးကြပြီး အလှအပအတွက် ပေါင် ၁၂၀၀၀ (မြန်မာငွေ သိန်း ၂၅၀ နီးပါး) သုံးစွဲကြ"

လတ်တလောပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းမှာ အမျိုးသမီးတွေဟာ သူတို့ဘ၀ သက်တမ်းရဲ့ ရက်ပေါင်း ၇၂၂ ရက်ကို ကျန်းမာရေးနဲ့ အလှအပအတွက် ကုန်ဆုံးပစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပျှမ်းမျှ ဗြိတိသျှအမျိုးသမီးတစ်ယောက်ဟာ ကျန်းမာရေးနဲ့ အလှအပပစ္စည်းတွေအတွက် ဘ၀တစ်လျှောက်လုံး စုစုပေါင်း ၁၂၆၄၅ စတာလင်ပေါင် သုံးစွဲနေကြပါတယ်။ အမျိုးသမီး အယောက် ၁၀၀၀ ကို ကောက်ယူခဲ့တဲ့စစ်တမ်းအရ အမျိုးသမီး ဆယ်ယောက်မှာ တစ်ယောက်ဟာ ဖြီးလိမ်းပြင်ဆင်ဖို့အတွက် တစ်နေ့ကို နှစ်နာရီလောက် အချိန်ကုန်ကြပြီး ရုံးတက်ရက်တွေမှာ အမျိုးသမီး ၃၉ ရာခိုင်နှုန်းဟာ မှန်တကြည့်ကြည့်၊ အလှပြင်နေတာနဲ့ မိနစ်လေးဆယ် ကုန်ဆုံးကြတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ရုံးပိတ်ရက်ဆို ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်သွားပြီး ပိုလျှံနေတဲ့အချိန်တွေမှာ သူတို့ရဲ့ ရုပ်ရည်သွင်ပြင် လှပနေဖို့အတွက် တသသ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ မိမိကိုယ်ကိုမိမိ ယုံကြည်မှု ပိုမိုရှိအောင်လို့ ပြင်ဆင်မှုက ၅၆ ရာခိုင်နှုန်း ရှိပြီး သူတို့ရဲ့ လက်တွဲဖော်နဲ့ တခြား အမျိုးသမီးတွေ အထင်ကြီးသဘောကျအောင်လို့ ပြင်ဆင်တာက ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

အမျိုးသမီး ၁၉ ယောက်မှာ တစ်ယောက်ဟာ ဆိုရှယ်မီဒီယာတွေမှာ ပုံတင်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် သူတို့ရဲ့ အချိန်တွေကို အလှပြင်ရင်း ကုန်ဆုံးကြတာ ဖြစ်တယ်လို့ ၀န်ခံခဲ့ကြပါတယ်။

ye wint

Credit: Trend Myanmar

No comments:

Post a Comment