Monday, August 31, 2015
"စိတ်ပျိုကိုယ်နုစေတဲ့ ဂျာရတ်လီတိုရဲ့ လျှို့ဝှက်ချက်"
"စိတ်ပျိုကိုယ်နုစေတဲ့ ဂျာရတ်လီတိုရဲ့ လျှို့ဝှက်ချက်"
Dallas Buyers Club ဇာတ်ကားမှာ မင်းသား ဒေးဗစ်မက္ကာနေးလိုပဲ အော်စကာဆု ရရှိခဲ့တဲ့ မင်းသားနဲ့ အဆိုတော် ဂျာရတ်လီတိုဟာ လက်ရှိမှာ အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် သူ့ပုံစံကို ကြည့်ရတာ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ် ပိုငယ်တယ်လို့ ထင်ရသူပါ။
Dallas Buyers Club ဇာတ်ကားမှာ မက္ကာနေးလိုပဲ အေအိုင်ဒီအက်စ်ရောဂါ စွဲကပ်နေပြီး လိင်တူနှစ်သက်သူတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Thirty seconds to Mars အဖွဲ့ရဲ့အဆိုတော် ဂျာရတ်ဟာ သြဂုတ်လ ၅ ရက်နေ့မှာ ထွက်ရှိလာတဲ့ Suicide Squad ဇာတ်ကားမှာလည်း ဂျိုကာအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဆံပင်ကို အစိမ်းရောင် ဆိုးထားခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ ၂၀၁၅ ဂီတဗီဒီယို ဆုပေးပွဲမှာတော့ ဂျာရတ်က သူ့ရဲ့ဆံပင်ကို ပန်းရောင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
“အရက်သောက်တာ တစ်ခုတည်းက ကျွန်တော့်ကို ပျက်စီးစေတာ မဟုတ်ပါဘူး။ ကျွန်တော်ကို ကြည့်ကောင်းတယ်လို့ ပြောကြတာတွေက အိပ်ရေး၀၀ အိပ်တာနဲ့ စနစ်ကျတဲ့ စားသောက်တဲ့ ပုံစံတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ယောဂ ကျင့်တာတွေလည်း လုပ်ပါတယ်။ အိပ်ရေးမ၀ဘူးဆိုရင် လူ့ခန္ဓာကိုယ်က ကြာရှည်ရပ်တည်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အိမ်ထဲကနေ အပြင်ထွက်ပြီး တောင်တက်ရတာမျိုးနဲ့ ခြုံပုတ်ထဲမှာ တွားသွားရတာမျိုးကို နှစ်သက်ပါတယ်။ အိုင်ပေါ့တစ်ခုနဲ့ သီချင်းနားထောင်တာထက် အပြင်လောကရဲ့ အသံတွေကို နားထောင်ရတာကိုပဲ ကြိုက်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စားပြီး ကျန်းမာရေးအတွက် ကျွန်တော် စနစ်တကျ နေထိုင်လာခဲ့တာ နှစ် ၂၀ လောက် ရှိပါပြီ” လို့ ဂျာရတ်က သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့ပါတယ်။
Ref - yoganonymous
Credit: Planet
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment