Sunday, August 2, 2015
"စိတ်ကူးပါ..... ပြီးရင်.....ဆက်လုပ်ပါ"
"စိတ်ကူးပါ..... ပြီးရင်.....ဆက်လုပ်ပါ"
စိတ်ကူးစိတ်သန်း ဆန်းကြယ်တဲ့ သူတွေဟာ လက်တွေ့လုပ်တတ်ရင်တော့ ကြီးပွားတတ်ပါတယ်... စိတ်ကူးဆန်းပြီး... ဘာမှမလုပ်ဘဲ ကိုယ့်ကိုယ်ကို အဟုတ်ထင်နေရင်တော့ စိတ်ကူယဉ်သမား ဖြစ်သွားပါလိမ့်မယ်... အလုပ်လုပ်တဲ့နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုပ်တတ်တဲ့သူဟာ ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်...
လူငယ်တွေဟာ သိပ်ဖြစ်ချင်တဲ့ စိတ်ဟာ ကိုယ်ပိုင် အရင်းအနှီးမပါဘဲ အကျိုးရလာဒ်ကိုသာ မျှော်ကြည့်နေတဲ့ စိတ်မျိုး မဖြစ်သင့်ပါဘူး... ချမ်းသာချင်တယ်... ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချင်တယ်. ပညာရှင်ကြီး ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေဟာ လူတိုင်းမှာ ရှိတတ်ကြပါတယ်...
တချို့ကတော့ ငယ်ငယ်ကတည်းက အကြံကြီးပါတယ်။ တချို့ကတော့ အတော်ကြီးလာတဲ့တိုင်အောင် ဘာလုပ်ချင်တယ်လို့ ရည်ရွယ်ချက်မရှိပဲ အဖေခိုင်းတာ လုပ်မယ်ဆိုပြီး ကိုယ်ပိုင်စိတ်ကူး မဲ့နေတတ်ကြပါတယ်... အကြောင်းအားလျော်စွာ စိတ်ကူးပြောင်းလဲတတ်တဲ့ သဘောကတော့ ရှိပါတယ်...
ဒါပေမယ့် အကျိုးအမြတ်ကိုသာကြည့်ပြီး အလုပ်တန်ဖိုး အစစ်အမှန်ကို မကြည့်တတ်သူများဟာ အလုပ်ကို မစူးစမ်းရသေးခင် နောက်တစ်ခု ပြောင်းလုပ်ဖို့ စိတ်ကူးတတ်ပါတယ်... ဘာမှ မလုပ်ရသေးခင်ကတည်းက စိတ်ကူး ခဏခဏ ပြောင်းတတ်တဲ့သူဟာ တကယ်တမ်း အလုပ်စတဲ့အခါမှာ အခက်အခဲ အသေးအဖွဲကို တွေ့တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်...
ဒါကြောင့် စိတ်ကူးစပြီးယဉ်ကတည်းက အကျိုးအမြတ်တစ်ခုတည်းကိုသာ မကြည့်ပါနဲ့။ အလုပ်ရဲ့ အနှစ်သာရ၊ အလုပ်ရဲ့ သဘောသဘာဝကိုပါ ကြည့်တတ်ကြဖို့လိုပါတယ်...
အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့အချိန် စသည်တို့ကို လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းပြီး လုပ်တတ်တဲ့သူများက အချိန်ကြာလာတာနဲ့အမျှ ကိုယ်ရည်ကိုယ်သွေး တက်လာတတ်ပါတယ်. . ဘဝရဲ့တန်ဖိုးကို အလုပ်ဖြစ်အောင်... စိတ်ကူးကောင်းထုတ်နိုင်ဖို့နဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်.။
Credit: Yinkhwinlam
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment