Sunday, August 9, 2015
"သစ္စာရှိတဲ့ ယောက်ျားဆိုတာ ........."
"သစ္စာရှိတဲ့ ယောက်ျားဆိုတာ ........."
တရုတ်က လူမှုကွန်ယက်တွေအတွင်း ရေပန်းစားနေတဲ့ သတင်းဖြစ်ပါတယ်။ အမျိုးသမီးငယ်လေး တစ်ဦးဟာ ကားမတော်တဆမှုကြောင့် ရက်ပေါင်း ၇၀ လောက် မေ့မြောနေခဲ့ပြီးတဲ့နောက် ပြန်သတိရလာတဲ့အခါ ဘေးနားက သူ့ချစ်သူကို ပြောလိုက်တဲ့စကားကြောင့် အားလုံး အံ့အားသင့်ကုန်တာဖြစ်ပါတယ်။
နှစ်လကျော်ကြာ မေ့မြောနေခဲ့တဲ့ သူမနံဘေးမှာ ဘာလို့ဆက်ရှိနေတာလဲလို့ သူ့ချစ်သူကိုမေးပါတယ်။ ဒီပုံစံနဲ့တော့ လက်မထပ်ချင်ဘူးလို့လည်း ပြောပါတယ်။ သူမချစ်သူအတွက် သူမဟာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မလိုချင်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမချစ်သူကတော့ သူမပြောတာကို ဂရုမစိုက်ပဲ သူမနံဘေးမှာ ဆက်ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ သမဟာ တရုတ်နိုင်ငံ အန်ချမ်မြို့က ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။ သူမချစ်သူ ချန်ကတော့ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ မင်္ဂလာဆောင် တစ်ခါတည်းလုပ်ဖို့တောင် စီစဉ်နေပြီ ဖြစ်ပါတယ်။
တရုတ်လူမှုကွန်ယက်တွေမှာ အဆိုပါစုံတွဲကို သနားဂရုနာသက်တဲ့ပြောဆိုမှုတွေ ရေပန်စားနေပြီး ချစ်သူကောင်လေး ချန်ရဲ့လုပ်ရပ်ကိုလည်း ချီးကျူးနေကြပါတယ်။ ချစ်သူဒီလိုဖြစ်သွားပေမယ့် အနားမှာ ဆက်ရှိနေပေးတဲ့ချန်ရဲ့လုပ်ရပ်ဟာ ယောက်ျားကောင်းပီသတဲ့လုပ်ရပ်ဖြစ်ပြီး ဒီလိုယောက်ျားမျိုး ရှားသွားပြီလို့ မှတ်ချက်ပေးကြပါတယ်။
source - mirror
Credit: Planet
Labels:
နိုင်ငံတကာသတင်း,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment