Tuesday, August 11, 2015
"နှုတ်ခမ်းသား ပိုမိုလှပဖို့နဲ့ ပန်းသွေးရောင် သမ်းနေစေဖို့ တက်တူးထိုးပြီး ဖန်တီးပုံဖော်နိုင်ပြီလို့ သိရ"
"နှုတ်ခမ်းသား ပိုမိုလှပဖို့နဲ့ ပန်းသွေးရောင် သမ်းနေစေဖို့ တက်တူးထိုးပြီး ဖန်တီးပုံဖော်နိုင်ပြီလို့ သိရ"
အလှအပရေးရာနဲ့ ပတ်သက်ပြီး ရေစီးကြောင်းတွေဟာ တစ်ပတ်လည်လာတာ ရှိသလို အသစ်အသစ်တွေလည်း ဖြစ်ပေါ်နေပါတယ်။ မကြာသေးခင်က မျက်ခုံးမွှေးပါးတဲ့သူတွေကို မျက်ခုံးမွှေးကို တစ်သက်လုံးခံအောင် တက်တူးထိုးနိုင်ပြီ ဖြစ်သလို လိုင်နာအရစ်တွေလည်း ဖော်လည်းရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒီတစ်ခါတော့ နှုတ်ခမ်းသား ပိုမိုလှပအောင် တက်တူးထိုးတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ခုနောက်ပိုင်းမှာ နှုတ်ခမ်းသားကို ပိုမိုပြည့်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်နေအောင် နှုတ်ခမ်းသား ပိုထူအောင်နဲ့ နှုတ်ခမ်းသားအရောင်လေး လှနေအောင် တက်တူးထိုးလို့ရပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Amy Jean Eye Couture က တက်တူးပညာရှင်ကတော့ နှုတ်ခမ်းကာလာအတွက် ပန်းရောင် အခြေခံအရောင်ခွဲ သုံးမျိုး ရွေးချယ်နိုင်တယ်လို့ သိရပြီး ဒီအရောင်ဟာ အနည်းဆုံး ၈နှစ်ကနေ ၁၀နှစ် ခံမယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းသားကို ပိုမိုပြည့်တင်းအောင် နှုတ်ခမ်းလိုင်းတွေ ပိုမိုကြီးသွားအောင် ၀န်ဆောင်မှုပေးတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ခုလို နှုတ်ခမ်းသား ဘေးလိုင်းတွေကို ပိုမိုကျယ်ပြီး လှသွားအောင် ဖန်တီးမှုဟာ သဘာဝအတိုင်း ဖြစ်နေတာမို့ ထူးခြားတယ်လို့ သူတို့က ပြောသွားပါတယ်။ ဒါ့အပြင် အခြားအရာတွေထက် နှုတ်ခမ်းကို ခုလို အရောင်ဖြည့်တာနဲ့ နှုတ်ခမ်းသားပုံဖော်တာမျိုးဟာ အမျိုးသမီးတွေ ပိုမို စိတ်ဝင်စားတဲ့အရာလည်း ဖြစ်နေတယ်လို့ သိရပါတယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment