Saturday, August 29, 2015

"အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်"


"အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်"

ရိုမေးနီးယား နိုင်ငံသားတစ်ဦးဟာ မိတ်ကပ်ပညာကို အသုံးပြုပြီး အမျိုးသားနဲ့ အမျိုးသမီးပုံစံကို တစ်ပြိုင်တည်း ဖန်တီးခဲ့ပါတယ်။ အလွန် အံ့အားသင့်စရာ ကောင်းတဲ့ ဖန်တီးမှုဖြစ်ပြီး မျက်နှာတစ်ခုတည်းမှာ အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်ပုံစံ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ရုတ်တရက်ကြည့်ရင် သိပ်မတူသလို ရှိနေပေမယ့် ဓာတ်ပုံထဲက မျက်နှာတစ်ဖက်စီကို လက်နဲ့အုပ်ပြီး ကြည့်ပါက အမျိုးသမီး တစ်ဦးအဖြစ်ရော၊ အမျိုးသား တစ်ဦးအဖြစ်ပါ ကွဲပြားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုကို အသက် (၂၁) နှစ်အရွယ်ရှိ ပိုပက်စကူက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပိုပက်စကူဟာ မိတ်ကပ်ပညာကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ မိတ်ကပ် လိမ်းခြယ်ခြင်းကို လေ့လာခဲ့သလို သူငယ်ချင်း မိတ်ဆွေတွေထံကနေ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး You Tube ကနေ မိတ်ကပ်ပညာကို လေ့လာသင်ယူမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပိုပက်စကူဟာ ပြင်သစ်နိုင်ငံကို သွားရောက်ပြီး မိတ်ကပ်ပညာကို လေ့လာ သင်ယူနေကြောင်း သိရပါတယ်။ ပိုပက်စကူဟာ တေလာဆွစ်ဖ်နဲ့ လေဒီဂါဂါတို့ကို အားကျသူဖြစ်ပြီး သူတို့လိုဖြစ်အောင် မိတ်ကပ်ပညာဖြင့် ကိုယ်ကိုယ်ကိုယ် ဖန်တီးနိုင်ကြောင်း သိရပါတယ်။

Credit: messenger

No comments:

Post a Comment