Thursday, August 27, 2015

"နုပျိုဖျတ်လတ် ကြည့်ကောင်းလာဖို့ဆို အိပ်ချိန် ပြည့်ပြည့်၀၀ ဖြစ်နေဖို့လို"


"နုပျိုဖျတ်လတ် ကြည့်ကောင်းလာဖို့ဆို အိပ်ချိန် ပြည့်ပြည့်၀၀ ဖြစ်နေဖို့လို"

ကောင်းကောင်းအိပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့ပုံ ပိုပေါက်ပြီး ပိုစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Clinical Sleep Medicine ဂျာနယ်မှာပါတဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ လပေါင်းများစွာ ပြည့်မှီအောင် အိပ်ရင် ပိုငယ်ရွယ် ပိုစွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ပြည့်မှီအောင် အိပ်တယ်ဆိုတာက အသက်ရှူပိတ်တာ၊ ဟောက်တာ နဲ့ တခြားအသက်ရှုလမ်းကြောင်း ပြဿနာတွေမဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို ဆိုလိုတာပါ။

Photogrammetry လို့ ခေါ်တဲ့ သိပ္ပံနည်းကျ မျက်နှာတိုင်းတာ စနစ်ကို မီချီဂန်တက္ကသိုလ် သုတေသီတွေက စသုံးခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း ၂၂ ယောက်နဲ့အတူ ၂ လလောက် နှိုင်းယှဉ် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ စဉ်ဆက်မပြတ် အသက်ရှုလမ်းကြောင်း ဖိအားမှန်ကန်ဖို့ CPAP ကုထုံးကိုလည်း ပေးပါတယ်။

ပြီးနောက် ရရှိလာတဲ့ 3D ရုပ်ပုံတွေကို ကြည့်ပြီး ဖျတ်လတ်မှု၊ နုပျိုမှုနဲ့ ဆွဲဆောင်မှုတွေကို အဆင့်အကဲ ဖြတ်ပါတော့တယ်။ ဓါတ်ပုံအများစုမှာတော့ “ယခု” ပုံတွေ “ယခင်” ပုံတွေထပ် ပိုဖျတ်လတ်၊ ပိုနုပျို၊ ပိုဆွဲဆောင်မှု ရှိနေတာကို တွေ့ရပါတယ်။ ကုထုံးပေးပြီးတဲ့နောက် ပုံတွေမှာ နဖူးကြောအထူ ကျဆင်းလာပါတယ်။ မျက်လုံးနဲ့ ပါးတွေပေါ်မှာ နီမြန်းတွေတာတွေလည်း လျော့လာပါတယ်။

လအတော်ကြာတဲ့အထိ ပြည့်မှီအောင် အိပ်၊ ကောင်းကောင်းအိပ်နိုင်မယ် ဆိုရင်တော့ ပိုမိုနုပျို၊ ပိုမို ဖျတ်လတ်ပြီး ပိုကြည့်ကောင်းလာမှာပါ။

Skyler

Credit: Trend Myanmar

No comments:

Post a Comment