Wednesday, August 26, 2015
"အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ ဆေးပြားနဲ့ အလှကုန်ခရင်မ်တွေက သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေနိုင်"
"အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ ဆေးပြားနဲ့ အလှကုန်ခရင်မ်တွေက သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေနိုင်"
ဗီတာမင်ဟာ ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အချက်ဟာ ကျန်းမာရေးအခြေခံ အချက်တစ်ခုအနေနဲ့ ကျွန်တော်တို့ သိရှိလာခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ ငယ်ရွယ်နုပျိုတဲ့ အသားအရေရဖို့အတွက် ဗီတာမင် C နဲ့ E ပါတဲ့ ခရင်မ်တွေကိုလိမ်း၊ ဗီတာမင်ဖြည့်စွက်ဆေးတွေ သောက်တာက သာမန်အသိတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီ antioxidants (ဓာတ်တို့ ဟန့်တားပစ္စည်း) ဖြည့်စွက်တဲ့ဆေးတွေဟာ ယေဘုယျအားဖြင့် မလိုအပ်သလို၊ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပေးနိုင်ကြောင်း စိတ်အနှောင့်အယှက်ဖြစ်စရာ သက်သေတစ်ခု ထွက်ပေါ်လာပါတယ်။
ဗီတာမင်စီနဲ့ အီးကို ဖြည့်စွက်ပစ္စည်းတွေ သုံးစွဲမှုဟာ ရောဂါနဲ့ ပျက်စီးမှုတွေကို ခန္ဓာကိုယ်က အလိုအလျောက် ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကို ပိတ်ပင်သလိုဖြစ်စေပြီး အရွယ်မတိုင်ခင် သေဆုံးမှုကို ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိမှု အသစ်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီ ဗီတာမင်နှစ်မျိုးဟာ အားကစားလုပ်ခြင်းကရတဲ့ အကျိုးကျေးဇူးတွေကိုတောင် တားဆီးနိုင်တယ်လို့ ဆိုပါတယ်။
ဗီတာမင်စီနဲ့ အီးဟာ ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အလှကုန်ပစ္စည်း ဈေးကွက်ကြီးတစ်ခုလုံးရဲ့ အဓိက သော့ချက်တွေဖြစ်ပြီး မှော်ဆန်တဲ့ နုပျိုနတ်ဆေးအဖြစ် ဈေးကွက်တင်လေ့ရှိကြပါတယ်။ ဒါပေမယ့် အခု စူးစမ်းလေ့လာမှု အသစ်အရ ဒီဓာတ်တွေဟာ အသားအရေကို ပိုမို ရင့်ရော်မှု မြန်ဆန်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အတွင်း ဆဲလ်ဖြစ်ပေါ်၊ ပျက်စီး သံသရာလည်ဖြစ်စဉ်ကနေ ထွက်ရှိလာတဲ့ Free radicals ခေါ် ဓာတ်တိုးပစ္စည်းတွေဟာ ဆဲလ်တွေရဲ့ ဖုံးအုပ်ထားတဲ့ အမြှေးပါးတွေကို ထိခိုက်စေပြီး DNA အတွင်းပိုင်းကို ပျက်စီးစေတယ်လို့ ကျွန်တော်တို့ သိရှိထားကြပါတယ်။ ဒီ free radicals တွေဟာ ဆဲလ်တွေရဲ့ သက်တမ်းကို မြန်ဆန်စေပြီး ကင်ဆာရောဂါနဲ့ အိုမင်းရင့်ရော်မှုတို့ကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကယ်လီဖိုးနီးယားအခြေစိုက် အသက်အရွယ် အိုမင်းရင့်ရော်မှုကို သုတေသနလေ့လာရေး Buck Institute က ဒီလမှာထုတ်ပြန်ခဲ့တဲ့ လေ့လာမှု စာတမ်းက free radicals တွေဟာ အသားအရေ ပြန်လည်ကောင်းမွန်မှုနဲ့ အသက် ၅၀ အောက် လူတွေမှာ ကျန်းမာရေး ပြန်လည်သန်စွမ်းမှုအတွက် လိုအပ်တဲ့ပစ္စည်းတွေဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဗီတာမင်စီနဲ့ အီးတို့ဟာ ဒီ free radicals တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် လူတွေဟာ ရောဂါဘယ ကင်းဝေးပြီး အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ဖို့အတွက် ဗီတာမင်စီနဲ့ အီးတို့ကနေ ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲခဲ့ကြပါတယ်။ ဒီအပြုအမူဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ free radicals တွေကို ဖယ်ရှားပစ်သလိုဖြစ်နေပြီး ဆဲလ်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် free radical တွေကို ရန်သူလို သဘောထားဖို့ ရပ်သင့်ပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ye wint
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment