Saturday, August 15, 2015

"အိမ်မက်တွေ လက်တွေ့ဖြစ်စေရန်"


"အိမ်မက်တွေ လက်တွေ့ဖြစ်စေရန်"

ဘယ်လောက်ပဲကံကောင်းကောင်း ကိုယ့်ရဲ့အိမ်မက်တွေ လက်တွေ့ဖြစ်ဖို့ရန် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုလုပ်ရင် အိမ်မက်တွေ အကောင်အထည်ပေါ်လာမှာလဲ။

၁။ဘယ်လောက်ပဲခက်ခဲပါစေ ကိုယ့်အတွက်ကတော့ အခွင့်အရေးလို့ တွေးစေချင်ပါတယ်။
အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လက်မလျှော့ပဲ ရဲရဲတင်းတင်းသာ ရှေ့သို့ ဆက်လျှောက်သင့်ပါတယ်။

၂။ဘဝဟာ အမြဲတမ်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ အရှုံးတွေကို ရင်ဆိုင်ပြီး ဆက်ပြီး ကြိုးစားပါ။
ကိုယ့်ဘဝကို အစစအရာရာ ချုပ်တီးထားတာထက် လုပ်သင့်တဲ့ကိစ္စကို လုပ်သာလုပ်ပါ။ အကယ်၍ မှားခဲ့ရင်လည်း နောက်တကြိမ် ကြိုးစားပါ။

၃။အလုပ်ထွက်၊ နေရာပြောင်း၊ အိမ်ပြောင်းပါ။
အိမ်မက်တွေကို အကောင်အထည်ဖော်နေသူများဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ လက်တွေ့ လုပ်နေသူများဖြစ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အနှောက်အယှက်ပေးသူများ ရှိခဲ့ရင်လည်း အဲဒီနေရာကနေ မရရသောနည်းဖြင့် ထွက်ပြီး အိမ်မက်ကို လက်တွေ့ဖြစ်စေမှာပါ။

၎။ အောင်မြင်မယ်လို့ ယုံကြည်ထားသူပါ။
ကိုယ်လုပ်နေတဲ့အလုပ်တွေက တနေ့ကျရင် အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်။ တကယ်ကော ဖြစ်နိုင်ပါ့မလားဆိုတာထက် ဖြစ်ကို ဖြစ်ရမယ်လို့ ယုံကြည်ထားပါတယ်။

၅။ပတ်ဝန်းကျင်ကိုလည်း အကူအညီ တောင်းတတ်သူပါ။
တစ်ယောက်တည်းနဲ့ အောင်မြင်ဖို့ရန် ခက်ခဲလှပါတယ်။ လိုအပ်တဲ့အချိန်မှာ အကူအညီကို တောင်းခံတတ်သူများလည်းဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း ဒါကို လက်ခံတာတွေ ရှိပါတယ်။

၆။စာအုပ်ကြီးအတိုင်း မဟုတ်၊ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းရှိပါတယ်။
ပတ်ဝန်းကျင်က သတ်မှတ်ထားသော စည်းမျဉ်းတွေထက် ကိုယ့်ရဲ့ယုံကြည်ချက် စည်းကမ်းတွေအတိုင်းသာ လျှောက်လှမ်းနေကြတာပါ။ သူတို့က ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖြစ်အောင်လုပ်သူများ ဖြစ်ပါတယ်။

၇။ကိုယ့်ထက်တော်သောသူကို အမြဲ ကိုယ့်အနားမှာထားတယ်။
အခြားသောသူများက မလုပ်နိုင်သောအလုပ်ကို လုပ်နေတဲ့အတွက် အခက်အခဲတွေအများကြီး ကြုံတွေ့နိုင်ပါတယ်။ ဒီအတွက်လည်း ကိုယ်က တိုင်ပင်နိုင်မဲ့သူကို စွမ်းရည်ထက်မြက်သောသူကို အမြဲ ကိုယ့်အနားမှာထားပါတယ်။


Credit: ChelmoTeam

No comments:

Post a Comment