Tuesday, August 11, 2015
"သ၀န်တိုစိတ်လေး လျှော့ချပစ်ချင်တယ်ဆိုရင်"
"သ၀န်တိုစိတ်လေး လျှော့ချပစ်ချင်တယ်ဆိုရင်"
သင် ကြိုက်နေတဲ့ကောင်လေးက တခြားကောင်မလေးနဲ့ အရောဝင်နေပါသလား။ ဒါမှမဟုတ် သင့်ရဲ့သူငယ်ချင်းတစ်ယောက်က သင့်ကိုဂရုမစိုက်ဘဲ အခြားသူတွေနဲ့ အနေများလာပြီလား။ ဒီလိုအခြေအနေမျိုးအတွက် ဆိုရင်တော့ သ၀န်တိုစိတ်ဟာ ချစ်စရာသဘာဝ တစ်ခုဖြစ်နိုင်ပေမယ့် လွန်ကဲလာရင်တော့ သင့်ကို အကျဉ်းတန်စေပါတယ်။ ဒီလိုအခါမျိုးမှာ သ၀န်တိုစိတ်ကို ဖျောက်ပစ်ဖို့အတွက် အသက်ကို တစ်ဝရှူလိုက်ပြီး သူ့ဘ၀နဲ့သူပဲလေလို့ တွေးလိုက်ပါ။ သင့်ကို စိတ်သက်သာစေမယ့် သ၀န်တိုစိတ် ဖြေဖျောက်နိုင်မယ့်နည်းလမ်းအချို့ကို ဖော်ပြပေးရရင်
(၁)ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့စိတ်တစ်ချို့ တည်ဆောက်လိုက်ပါ။
မနာလို ၀န်တိုခြင်းဆိုတာ မလုံခြုံမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းမှု စတာတွေက လာတာပါ။ မင်းနဲ့ရင်းနှီးသူတစ်ယောက်ယောက်ရဲ့ စွန့်ပစ်ခြင်း၊ လစ်လျူရှုခြင်း ခံရမှာကို ကြောက်တာပါ။
(၂) ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့နှိုင်းယှဉ်မိနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ပါ။
အရာရာ မင်းထက်သာပြီး ပိုပြည်စုံတယ်လို့ ထင်နေတဲ့ မင်းရဲ့သူငယ်ချင်း မိတ်ဆွေတစ်ယောက်ယောက်နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေမိတာမျိုး ရှောင်ပါ။ သူ့မှာလဲ အခြားသူတွေမသိအောင် ဖုံးကွယ်ထားရတဲ့ ဒုက္ခတွေရှိနေမှာပါ။
(၃) တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပါ။
ပြောရတာလွယ်ပေမယ့် လက်တွေ့မှာတော့ ခက်ခဲပါတယ်။ တစ်ချိန်တုန်းက သင့်ရဲ့ယုံကြည်မှုကို ချိုးဖောက် ခံရတာမျိုး ရှိမှာပါ။ ဒါပေမယ့် အတိတ်ကို အတိတ်မှာထားခဲ့ပြီး သင့်ကို မယုံကြည်စေဖို့ အကြောင်းပြချက်တစ်ခု ပေးခဲ့ဖူးသလားဆိုတာကို ပြန်စဉ်းစားကြည့်ပါ။
(၄)ခံစားချက်ကို ဂရုတစိုက်နားထောင်ကြည့်ပါ။
တခါတရံမှာ တန်ဖိုးရှိတဲ့ အရာတွေကို စဉ်းစားမိနိုင်ပါတယ်။ ဥပမာ- မင်းရဲ့လူက တခြားတစ်ယောက်နဲ့ လိုတာထက်ပိုပြီး အကျွမ်းတ၀င်ရှိနေတယ်လို့ ယူဆမိတဲ့အခါ သင်တို့နှစ်ဦးကြားထဲမှာ စည်းကမ်းတစ်ချို့ ချမှတ်ဖို့ လိုနေပါပြီ။
(၅)အကောင်းမြင်စိတ်မွေးပါ။
ဖြစ်နိုင်တာက သင့်ရဲ့စိတ်က ဆိုးဝါးတဲ့အရာ တစ်ခုခုကြိုတွေးပြီး စိတ်ပူနေတတ်တာမျိုးကြောင့် ၀န်တိုခြင်းဖြစ်လာတာပါ။ ဥပမာ-သင့်ရဲ့သူငယ်ချင်းက တခြားတစ်ယောက်နဲ့ အချိန်ဖြုန်းနေတယ်ဆိုရင် သူ့အကြောင်း တွေးမနေဘဲ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားကြည့်နေတာမျိုး ဒါမှမဟုတ် စားသောက်ဆိုင် ကောင်းကောင်းတစ်ခုမှာ သွားစားနေလိုက်ပါ။
မင်းကြိုက်တဲ့ ကောင်းလေး/ကောင်မလေးက တခြားတစ်ယောက်နဲ့ စကားပြောနေတယ်ဆိုရင် ခင်မင်ရင်းနှီးဟန် အပြုသဘောမျိုးဆောင်တဲ့ နည်းမျိုးနဲ့ သင်ပါ ၀င်ရောက်စကားပြောပါ။
မနာလို ၀န်တိုခြင်းဆိုတဲ့စိတ် ဖြစ်ပေါ်ခဲ့ရင် မိမိကိုယ်ကိုသာ အရင် လောင်ကျွမ်းစေတာပြီး တစ်ခါတစ်ရံ သူက သိတောင်မသိလိုက်တာမျိုး ဖြစ်နေတတ်တာကြောင့် မိမိစိတ်ကို ငြိမ်းချမ်းအောင် ထားတတ်ဖို့လိုကြောင်း အကြံပေးချင်ပါတယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment