Wednesday, August 5, 2015

"အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ ဒီအချက်ကိုဂရုစိုက်ပါ"


"အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ ဒီအချက်ကိုဂရုစိုက်ပါ"

တစ်ခါတစ်ရံ အလုပ်မှာ အာရုံစိုက်လို့မရပဲ လုပ်သမျှ အချည်းအနှီးဖြစ်တာမျိုး ကြုံဖူးကြမှာ ဖြစ်ပါတယ်။ ဗြိတိန်က စိတ်ပညာပါမောက္ခတွေကတော့ ဒီလိုဖြစ်ရတာ သင့်ရဲ့အလုပ်စားပွဲပုံစံနဲ့ များစွာ သက်ဆိုင်နေတယ်လို့ ပြောကြပါတယ်။

အဖြေက ရှင်းရှင်းလေးဖြစ်ပါတယ်။ သင့်ရဲ့အလုပ်စားပွဲဟာ နေရာကျဉ်းနေမယ်။ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် မရပဲ ဖြစ်နေမယ်ဆိုရင် သင် အလုပ်လုပ်ရတာ အာရုံရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်လုပ်ရတာ အာရုံစူးစိုက်လို့မရ ဖြစ်လာရင် သင့်ရဲ့ အလုပ်စားပွဲအတွက် အရင် အဖြေရှာကြည့်ရမှာ ဖြစ်ပါတယ်။ အချို့သော ကုမ္ပဏီတွေကတော့ ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်ခြင်းက ပိုကောင်းပြီး ပိုရင်းနှီးဖို့ဆိုတဲ့ အတွေးကြောင့် အကာအရံမရှိပဲ လွတ်လပ်တဲ့ပုံစံနဲ့ အလုပ်စားပွဲတွေကို ပြင်ဆင်ထားတက်ကြပါတယ်။ ဒါဟာ ဝန်ထမ်းတိုင်းအတွက် အဆင်မပြေစေနိုင်ပါဘူး။ ဒီလို အကာအရံမဲ့ ခန်းမထဲမှာ အလုပ်လုပ်ရတာ မကြိုက်တဲ့သူတွေအတွက်တော့ ကျန်းမာရေးကိုတောင် ထိခိုက်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အလုပ်စားပွဲ နေရာကျဉ်းကျဉ်းမှာ လုပ်ရတာ မကြိုက်တဲ့သူ၊ ခန်းမကျယ်ထဲမှာ လုပ်ရတာ မကြိုက်တဲ့သူတွေအနေနဲ့ ဒီလိုလုပ်ရပြီဆိုရင် နေမကောင်းဖြစ်ဖို့ ပုံမှန်ထက် ၇၀ ရာခိုင်နှုန်းလောက် အလားအလာ ရှိတက်ပါတယ်။ ဒါကြောင့် အလုပ်ကို အာရုံစိုက်လို့မရတော့ဘူးဆိုရင် အလုပ်စားပွဲ ပုံစံပြောင်းဖို့ သင့်အထက်အရာရှိနဲ့ တိုင်ပင်ကြည့်ပါ။


Ref - BBC

credit: Planet

No comments:

Post a Comment