Monday, August 31, 2015
"သူတို့ပြောတဲ့ အချစ်"
"သူတို့ပြောတဲ့ အချစ်"
ဘာကို ရိုမန်တစ်ဖြစ်တယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကို မချစ်မှန်းသိရက်နဲ့ ကောင်မလေးကို နှင်းဆီပန်း ၉၉၉ ပွင့် လက်ဆောင်ပေးတာကို ခေါ်တယ်။
ဘာကို ဖြုန်းတီးတယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကိုချစ်မှန်း သိရက်နဲ့ နှင်းဆီပန်း ၉၉၉ ပွင့် လက်ဆောင်ပေးတာကို ခေါ်တယ်။
လူသတ္တ၀ါဆိုတာ ငှက်နဲ့တူတယ်။ အတောင်တစ်စုံစီ ရှိကြတယ်။ တောင်ပံတစ်ခုက ယောက်ျား၊ တစ်ခုက မိန်းမ။ တူညီတဲ့ အင်အားနဲ့ သန်မာတဲ့ အတောင်နှစ်ခုကို တက်ညီလက်ညီ ခပ်ပေးမှ ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မှာဖြစ်တယ်။
လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်က မြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။
မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် အဲဒီယောက်ျားဟာ သူ့ရှေ့ရေးကို ဘယ်တော့မှ စိတ်မပူတော့ဘူး။ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီးနောက် အဲဒီမိန်းမဟာ သူ့ရှေ့ရေးကို အမြဲ စိတ်ပူနေတတ်တယ်။
ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တယ်။ တစ်ချောင်းနဲ့တစ်ချောင်း မခွဲမခွါ အတူနေရပြီး ချို၊ ချဉ်၊ ဖန်၊ စပ်.... ဟင်းအရသာတွေလို ဘ၀ရဲ့ ချိုမြိန်မှု၊ ခါးသီးမှုတွေကို အတူတကွ ခံစားကြရတယ်။ ဒီလိုတူက တစ်ခါသုံးတူ မဟုတ်ဘဲ ကြာရှည်အသုံးခံ၊ အကြမ်းခံတဲ့ ဆင်စွယ်တူဖြစ်ရမယ်။
ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊ မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊ ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။
လက်ထပ်တယ်ဆိုတာ ၁+၁=၂ မဟုတ်ဘူး။ ၀.၅+၀.၅= ၁ ပဲဖြစ်တယ်။ ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေ ခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။
အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲ ရှိတယ်။ လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲ ရှိတယ်။ လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲ ရှိတယ်။ ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့ မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။
Credit: ဖြိုးဇာနည်
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment