Friday, August 7, 2015
"အစာအိမ်ဝေဒနာ ခံစားနေရချိန်မှာ ဒီအစားအစာ (၉) မျိုးကို ရှောင်ပါ"
"အစာအိမ်ဝေဒနာ ခံစားနေရချိန်မှာ ဒီအစားအစာ (၉) မျိုးကို ရှောင်ပါ"
သင်ဟာ ဗိုက်မကြာခဏ အောင့်ပြီး အစာအိမ်ဝေဒနာ ခံစားနေရတဲ့ လက္ခဏာများ ရှိနေပြီလား။ တကယ်လို့များ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစာအိမ်ဝေဒနာ ခံစားနေရတယ်ဆိုရင် မဖြစ်မနေ ရှောင်သင့်တဲ့ အစားအသောက် (၉) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့
(၁)ငရုတ်သီးနဲ့ စပ်တဲ့အစားအစာတွေရှောင်ပါ။
အစပ်တွေဟာ အက်ဆစ်ဓါတ်ထုတ်လွှတ်မှု ပမာဏ လျော့နည်းလာနေတဲ့ အစာအိမ်တွေအတွက် မသင့်တော်ပါဘူး။ ဒါတွေက အစာအိမ်ကို တရားလွန် နှိုးဆွပေးတဲ့အတွက် ဒီလိုအနံ့စူးတဲ့ အစပ်တွေကို ရှောင်ကျဉ်သင့်ပါတယ်။ အစာအိမ်ကို ပြည်တည်စေတာမျိုးတော့ မဖြစ်နိုင်ပေမယ့် ပြည်တည်ထားပြီးသားဆိုရင်တော့ ဒါကို ပိုဆိုးစေပါတယ်။
(၂)နွားနို့မသောက်ပါနဲ့။
အစာခြေဖျက်နိုင်စွမ်းနည်းတဲ့ သူတွေဟာ နွားနို့နဲ့ မတည့်ပါဘူး။ နွားနို့ တစ်ဖန်ခွက်သောက်ပြီးချိန်မှာ အစာအိမ်မှာ နာကျင်တာတွေ၊ လေးလံနေတာတွေ ခံစားရတယ်ဆိုရင် မင်းဟာ စောစာကပြောတဲ့ အမျိုးအစားထဲက သူတစ်ယောက်ပါ။
(၃)အသီးအနှံတစ်ချို့ကိုလည်း ရှောင်ရပါမယ်။
အက်ဆီဒင့်အက်ဆစ် ပါဝင်မှုပမာဏများတဲ့ အသီးတွေဖြစ်တဲ့ စပျစ်သီး၊ လိမော်သီး၊ နာနတ်သီးနဲ့ သံပုရာသီးတွေဟာ ဗိုက်နာစေပါတယ်။
(၄)အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေ မသောက်ပါနဲ့။
ပဋိဇီဝဆေးတော်တော်များများဟာ အစာအိမ်ကို ကပြောင်းကပြန် ဖြစ်စေခြင်း၊ ပျို့အန်စေခြင်းနဲ့ အစာအိမ်နာကျင်ခြင်းတွေ ဖြစ်ပွားစေပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေနဲ့ ဗီတာမင်အားဖြည့်ဆေးတွေ ဖြစ်ပါတယ်။
(၅)အစာစိမ်းတွေ ရှောင်ပါ။
မချက်ရသေးတဲ့ အစာစိမ်းတွေကို ဝေဒနာ ဖြစ်နေချိန်နဲ့ ပျောက်ကင်းစ ရက်အနည်းငယ်အထိ ရှောင်ကျဉ်ပါ။ အထူးသဖြင့် ဖရဲသီး၊ သဘောင်္သီးနဲ့ နာနတ်သီးတွေကို အစားများတာဟာ ၀မ်းချုပ်စေပါတယ်။
(၆)အဆီများတဲ့အစားစာတွေ ရှောင်ပါ။
အာလူးကြော်လိုဟာမျိုးကို ရှောင်ကျဉ်ပါ။ တိရစ္ဆာန်တွေကရတဲ့ အဆီတွေဟာ ထိခိုက်လွယ်တဲ့ အစာအိမ်တွေနဲ့ မသင့်တော်ပါဘူး။
(၇)အချိုများတဲ့အစာတွေကိုလည်း ရှောင်ပါ။
သကြားလုံးနဲ့ အချိုများတဲ့ အစားအစာတွေက အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒီအစာတွေက အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး သွေးတွင်း သကြားဓါတ်ပါဝင်မှုကို တက်လိုက်ကျလိုက် ဖြစ်စေပါတယ်။
(၈)ကဖင်းဓါတ်ကိုလည်း ရှောင်ရပါမယ်။
ကဖင်းဓာတ်တွေက အစာအိမ်ကြွက်သားတွေ ပြန်လည်ဖြေလျော့ခြင်းကို တားဆီးပါတယ်။ ဒါကြောင့် ကိုလာ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကိုလဲ ရှောင်ကျဉ်ရပါမယ်။
(၉)အားဖြည့်အချိုရည်တွေ ရှောင်ပါ။
ဂက်စ်ပမာဏအနည်းငယ်က လေးလံနေတဲ့ အစာအိမ်ကို အနည်းငယ် အထောက်အကူ ဖြစ်စေပေမယ့် အမြုပ်တစီစီနဲ့ ဂက်စ်ပါဝင်မှုများတဲ့ အချိုရည်တွေက အစာအိမ်ကို ရောင်ရမ်းစေပါတယ်။ အစာအိမ်နာကျင်မှု တစ်ခုခုခံစားနေရချိန်မှာ အားဖြည့်အချိုရည်တွေကိုလဲ မသောက်သင့်ပါဘူး။
ဟန်နီ
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment