Tuesday, August 18, 2015
"လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ နို့အနည်းငယ်က သွားကို ဖြူဖွေးစေနိုင်ပြီး သွားတိုက်ဆေးတွေထက် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိ"
"လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ နို့အနည်းငယ်က သွားကို ဖြူဖွေးစေနိုင်ပြီး သွားတိုက်ဆေးတွေထက် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိ"
လက်ဖက်ရည်ကောင်း တစ်ခွက်ဟာ နို့လေးနည်းနည်းပေါက်လောက်မှ ပိုပြည့်စုံသွားတယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရ လက်ဖက်ရည်ခွက်ထဲ နို့ထည့်သောက်သုံးခြင်းဟာ သွားအရောင် စွန်းထင်းခြင်းကို လုံးဝ တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
သွားဖြူဖွေးစေတဲ့ သွားတိုက်ဆေးတွေထက်တောင် ပိုမိုထိရောက်ကောင်းမွန်ပြီး သွားအရောင်ချွတ်တဲ့ ပစ္စည်းတွေနီးပါး ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ “လက်ဖက်ရည်ဟာ ကမ္ဘာမှာ ဒုတိယမြောက် အသောက်အများဆုံးဖြစ်ပြီးတော့ လက်ဖက်ရည်ဟာ သွားတွေကို အရောင်စွန်းထင်းစေနိုင်တယ်” လို့ Alberta သွားဘက်ဆိုင်ရာတက္ကသိုလ်က Dr. Ava Chow က ပြောကြားခဲ့ပါတယ်။
“လက်ဖက်ရည်ဟာ အောက်ဆီဂျင်နဲ့ ပိုမိုဓာတ်ပြုတဲ့အခါ ဒါမှမဟုတ် ပြုပြင်ထုတ်လုပ်ထားတဲ့အဆင့် ပိုများရင် သူ့ရဲ့ အရောင်စွန်းထင်းနိုင်မှုက ပိုများပါတယ်၊။ ဒါပေမယ့် လက်ဖက်ရည်ထဲကို နို့ထည့်သောက်သုံးမယ်ဆိုရင်တော့ သွားကို စွန်းထင်းစေနိုင်တဲ့ လက်ဖက်ရည်ရဲ့ ဂုဏ်သတ္တိကို လျော့ချပေးနိုင်ပါတယ်။"
လက်ဖက်ရည်မှာ တန်နင်လို့ခေါ်တဲ့ ခါးသက်တဲ့အရသာရှိပြီး ရေမှာပျော်ဝင်နိုင်တဲ့ သဘာဝဆိုးဆေးတစ်မျိုး ပါရှိကြောင်း သူမက ရှင်းပြခဲ့ပါတယ်။ တန်နင်ဟာ အနက်ရောင်ရှိပြီး သွားကို အရောင်စွန်းထင်းစေနိုင်ပါတယ်။ ဒါပေမယ့် နွားနို့မှာ အဓိကပါဝင်တဲ့ ပရိုတိန်းတစ်မျိုးဖြစ်တဲ့ Casein ဟာ လက်ဖက်ရည်မှာပါဝင်တဲ့ တန်နင်ဆိုးဆေးနဲ့ ပေါင်းပြီး သွားစွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်ကြောင်း Dr Chow က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နို့ထည့်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ဟာ သွားဖြုဖွေးအောင် အရောင်ချွတ်ပေးတဲ့ ပစ္စည်းတွေနီးပါး ကောင်းမွန်ပြီး သွားကိုဖြူဖွေးစေတဲ့ သွားတိုက်ဆေးတွေထက် ပိုမို ထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့ရတယ်လို့ Dr.Chow က ပြောကြားခဲ့ပါတယ်။
ye wint
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment